ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုရဲစခန်းကို ယနေ့ည ၈ နာရီ ၄၀ မိနစ် အ ချိန် က ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ခရမ်း PDF တပ်ဖွဲ့ ထံမှ သိရှိရသည်။
“ခရမ်း ဘုရားပျိူ ရဲစခန်းကို ၄၀ မမ အဝေးပစ်လောင်ချာ M 79 နဲ့ ပစ်တာပါ။ အသံကတော့ ဟိန်းထွက်နေတာပဲ။ အထိအခိုက်မသိရသေးဘူး” ဟု ခရမ်း PDF သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် ယနေ့ည ဗုံးများ ဆက်တိုက်ပေါက်ကွဲရာ သာကေတ /ဒေါပုံ မြိုနယ် တစ်နေရာတွင် ယနေ့ည ၈ နာရီ အချိန်ကလည်းကောင်း၊ မရမ်း ကုန်း မြိုနယ်တွင် ယနေ့ ညနေ ၈ နာရီ ၂၉ မိနစ်အချိန် ကလည်း ကောင်း၊ လှိုင်မြိုနယ်တွင် ယနေ့ ညနေ ၈ နာရီ ၃၀ မိနစ်အချိန်ခန့် ကလည်း ကောင်း၊ လှိုင်သာယာမြိုနယ် အရှေ့ပိုင်း တစ်နေရာတွင် ယနေ့ ညနေ ၈ နာရီ ၃၀ မိနစ် အချိန်ကလည်းကောင်း၊ အရှေ့ဒဂုံမြိုနယ်။ မြောက်ဥက္ကလာပမြိုနယ် တောင်ဥက္ကလာပမြိုနယ်နှင့် သင်္ဃန်းကျွန်းမြိုနယ်တို့တွင် ယနေ့ည ၉ နာရီဝန်း ကျင်ကလည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲကြောင်း သိရှိရသည်။
အလားတူ ယနေ့ညနေ ၆ နာရီ ၁၅ မိနစ် ဒေါပုံမြိုနယ်၊ မြိုသစ်ရပ်ကွက်၊ မင်း န န္ဒာ လမ်းရှိမြိုနယ် ပြည်တွင်းအခွန်ဦးစီးမှူးရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပြီး ဒဂုံ မြိုသစ်တောင်ပိုင်း၊ (၇၁) ရပ်ကွက်၊ မင်းရဲကျော်စွာ (၆) လမ်းရှိ နေအိမ် တစ်လုံး တွင်လည်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ခရမ်းမြို့မရဲစခန်း။