24.8 C
Yangon

ရေတာရှည်တွင် ကျွန်းသစ် ခိုးထုတ်နေသောကားများနှင့် ဂိတ်စခန်း တစ်ခုကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက် ၃ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ပဲခူးရိုးမ အတွင်းမှ ကျွန်းသစ် ခိုးထုတ် နေသော ကားများနှင့် သစ်ခိုးကားများထံမှ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) တပ်ဖွဲ့ ၃ကို ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၃ဦးသေဆုံးခဲ့ကြောင်း YPDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သစ်ခိုးကားများထံ ငွေကြေး ကောက်ခံနေသည့် စစ်ကောင်စီ ဂိတ်စခန်းသည် စမိုးချောင်း အနီးတွင်ရှိပြီး YPDF တပ်ဖွဲ့က စနိုက်ပါ ဦးစီးသည့်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ငူမြို့နယ် ကျွန်းကုန်းခြင်းကုန်းရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သန်းထိုက် အပါအဝင် ၃ဦးကို ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ဂိတ်စခန်းကို YPDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ်တွင် သစ်ကား ၂စီးနှင့် ကျွန်းသစ် ၇တန်ကို ဂိတ်စခန်း၌ သိမ်းဆည်းရမိခဲ့ပြီး မော်တော်ယာဉ် ၂စီးနှင့် ယာဉ်ပေါ်ပါသူများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း YPDF တပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article