ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်း၊ ရေစကြိုမြိုနယ်၊ ရေလယ်ကျွန်းအုပ်စုရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် လက်နက်ကြီး/ ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်ပြီး ပြည်သူများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။
“နေအိမ်တွေကို မီးရှို့တာက ညနေ ၃ နာရီခွဲလောက်ကဗျ။ ခုထိ မပြန်သေးဘူး။ ရေလယ်ကျွန်းအုပ်စု ဆင်တဲမြောက်ရွာနဲ့ လှေခုက်/ ကျွန်းညိုရွာတွေကို ဝင်တာဗျ။ သူတို့က တစ်အုပ်စုတည်းဆိုတော့ အတိအကျတော့ မသိရသေးဘူး” ဟု အကြမ်းဖက် စစ်ကောင်စီတပ်များ နေအိမ်မီးရှို့မှုကို လှမ်းမြင်နေရသည့် အဆိုပါ ကျေးရွာ အုပ်စုနားရှိ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်မှုကြောင့် အဆိုပါ ရွာများရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်များ ပြန်မထွက်သေးသည့်အတွက် ဆုံးရှုံးမှုအတိအကျကို မသိရှိရသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။