28 C
Yangon

မန္တလေး ရဲဘော်ကွက်သစ်ရပ်ကွက်တွင် တာဝါတိုင်ဓာတ်ကြိုးနှင့် မလွတ်ဟု ဆိုကာ ၁ နာရီအတွင်း ပစ္စည်းသိမ်းခိုင်းပြီး အိမ်ခြေ ၆၀ ဝန်းကျင် ဘူဒိုဇာနှင့် ထိုးချ ဖျက်ဆီး

Must read

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရပ်ကွက်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီဝင် စစ်သား၊ ရဲနှင့် စည်ပင်များက ဝင်ရောက်ကာ တာဝါတိုင် အောက်ဘက်နားရောက်နေသည့် ဂရံပေါက်ပြီးသား လူနေအိမ်များ အပါအဝင် အိမ်ခြေ ၆၀ ဝန်းကျင်ကို ဘူဒိုဇာနှင့် ထိုးချဖျက်ဆီးသွားကြောင်း၊ အချို့အိမ်များမှာ ပစ္စည်းယူချိန်မရဘဲ ဖျက်ဆီးခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ဓာတ်ကြိုးမလွတ်ဘူးဆိုပြီး အချိန် ၁ နာရီအတွင်း ပစ္စည်းသိမ်းပြီး ဖယ်ခိုင်း၊ တစ်ခဏအတွင်း ဝင်ဖျက်တယ်။ တချို့ အိမ်တွင် ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပြသည်။

နေအိမ်ဖျက်ဆီးခံရသူများတွင် ဂရံပေါက်ပြီးသား လူနေအိမ်များ ပါဝင်နေပြီး ကျူးကျော်များ မဟုတ်ကြောင်း၊ တာဝါတိုင်နှင့် ပေ ၅၀ အကွာဆိုသော်လည်း ကွက်စိတ်တစ်ခုလုံးရှိ လူနေအိမ်များကို အကုန်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောပြသည်။

“တာဝါတိုင်အောက်တည့်တည့် ပေ ၅၀ အကွာက အိမ်တွေ ဖျက်တာ လက်ခံလို့ ရပေမယ့် ကွက်စိတ်တစ်ခုလုံးကို ပစ္စည်းသယ်ချန် ၁ နာရီပဲ ပေးပြီး သယ်ခိုင်းတာကျ ရက်စက်လွန်းတယ်ဗျ။ မနက်ဖြန်လည်း ထပ်ဖျက်ဦးမယ်တဲ့ မပြီးသွားဘူး။ ဓာတ်ပုံရိုက်လို့ဆိုပြီး ကောင်မလေးတစ်ယောက် ဖမ်းတယ်။ အဖေလုပ်တဲ့လူက သမီးရူးနေလို့ပါဆိုပြီး ဒူးထောက်တောင်းပန်မှ လွှတ်ပေးပါတယ်ဗျ” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article