28 C
Yangon

KNLA တပ်ရင်း (၁)နှင့် စစ်တပ်တို့ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဗိုလ်အဆင့်၊ တပ်ခွဲမှူးအဆင့်များ အပါအဝင် ၂ဝဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ် သထုံခရိုင်တွင် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့ထိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KNLA တပ်ရင်း (၁)တို့ ၃ရက်ဆက်တိုက် ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဗိုလ်အဆင့်၊ တပ်ခွဲမှူးအဆင့်များ အပါအဝင် ၂ဝဦး သေဆုံးပြီး ကား ၇စီး ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ဗဟို) KNU ထံမှ သိရသည်။

သထုံခရိုင်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းက လက်နက် ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KNU-သထုံခရိုင်၊ တပ်မဟာ ၁ ၊KNLA တပ်ရင်း ၁ တပ်ဖွဲ့များမှ သထုံခရိုင်-ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းမတစ်လျှောက် (၄) ကြိမ် ဆက်တိုက်မိုင်းဆွဲ တိုက်တိုက်ခိုက်ခဲ့ခြင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KNLA တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၇ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သော ထိတွေ့ပစ်ခတ်မှု၌ စစ်ကောင်စီ တပ်ဖွဲ့က တပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း KNLA တပ်ရင်း ၁ တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ကား ၄ စီးပျက်စီးကာ ၇ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့တွင်လည်း KNLA- တပ်မဟာ၁၊ တပ်ရင်း(၁) နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် KNLA တပ်များ ထိတွေ့မှု ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို ၃ ရက်တာ တိုက်ပွဲများအတွင်း KNU သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်း KNLA တပ်ရင်း ၁ တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အကြား မိုင်းဆွဲတိုက်ခိုက်မှု၊ ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကား ၇ စီး ပျက်စီးနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article