36 C
Yangon

နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေတိုက်စာချုပ်ကို မြန်မာပြည်ဖွား ပြည်သူ ၃၀၀ ခန့်က ဝယ်ယူအားပေးခဲ့ကြပြီး ပွဲစီစဉ်သူများက NUG ကိုယ်စား အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ငွေတိုက်စာချုပ်ပေါင်း ၅ သောင်းနီးပါး ရှိနေပြီး အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးတွင် တော်လှန်ရေးရဲဘော်များထံ ထောက်ပို့အပိုင်းရော ရင်ဆိုင်မှုအပိုင်းတွေမှာပါ လုံလောက်တဲ့ ပံ့ပိုးမှု ပေးနိုင်ရန် ငွေတိုက်စာချုပ် ဝယ်ယူပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article