29 C
Yangon

ရန်ကုန်တွင် “အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ချီတက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ယနေ့ နံနက်ခင်း ရန်ကုန်မြို့တနေရာတွင် ရန်ကုန်လူထုသပိတ်က ဆန္ဒပြ ပြည်သူများမှ “အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး” ဟူသော စာသားနှင့် အတူ “ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး” “အသက်တွေကို အားနာတတ်တဲ့တစ်နေ့ ပါဝင်ကူညီပါ” နှင့် “ကမ္ဘာမကြေဘူး” ကြွေးကြော်လျက် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

ဖက်ဆစ်စစ်တပ်က အကြမ်းဖက်ပစ်သတ်တ်၍ ကြွေလွင့်ခဲ့ရသော အာဇာနည် များ၏ တနှစ်ပြည့် ဝမ်းနည်းကြောင်း ပြသသော ဖက်စစ်ဆန့်ကျင်ရေး ပြောက် ကျားသပိတ်အဖြစ် ချီတက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ကျဆုံးခဲ့သော ကိုညီညီထက်နိုင်၊ ဒေါ်တင်နွဲ့ရီ၊ ကိုဇင်းလင်းထက် နှင့် ကိုဟိန်းထွဋ်အောင်၊ နွေဦးတော်လှန်ရေးတွင် ကျရာနေရာ/ တာဝန် မှ အသက်ပေးခဲ့သော သူရဲကောင်းများ၏ စိတ်ဓာတ်စွဲကိုင် ၍ ဆက်လက် တိုက်ပွဲဝင်ရန်ရန်ကုန်လူထုသပိတ်က ပြည်သူများကို နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article