30 C
Yangon

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၃ ခုကို ရဟတ်ယာဉ် ၄ စင်းဖြင့် ပစ်ခတ် တိုက် ခိုက်၊ ရွာသားအများအပြား ၀ရုန်းသုန်းကား ထွက်ပြေးနေရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်ရှိ သပြေအေး၊ ကျောက်ပြုတ်ရွာ၊ မိုးကောင်း ရွာကို ရဟတ်ယဥ် ၄ စင်းဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၃ ခုမှ ပြည်သူများ ၀ရုန်း သုန်းကား ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ချိန်မှ စတင်၍ ယင်းမာပင်မြို့နယ်တွင် ရဟတ် ယာဉ်များဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ရွာထဲကိုပါ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ရော ဗုံးတွေပါကျဲတာ။ ရွာတည့်တည့်ကို ပစ်နေတာ။ အကုန်ပြေးနေရပြီ။ ရွာထဲမှာ ပိတ်မိသူတွေလည်း သေဆုံးတာများနိုင်တယ်။ ရဟတ်ယာဉ် ၄ စီးနဲ့ လှည့်ပတ်ပျံသန်းပြီး ပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မြေပြင်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများက ကျေးရွာများကို ဝင် ရောက် ပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့လျက်ရှိကြောင်း၊ ချင်းပုန်းကျေးရွာလည်း မီးလောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article