26 C
Yangon

ဂန့်ဂေါတွင် သင်တော၊ရွှေဘို၊ ကံတိုးရွာ၊စမ်းမြို့၊ မြင်သားနှင့် ကုန်းရွာ အပါအဝင် ကျေးရွာ ၆ ခုမှ ပြည်သူ ၂၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာများအားလုံးကို မီးရှို့ ဖျက်ဆီးသွား

Must read

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ သင်တော၊ ရွှေဘို၊ ကံတိုး၊ စမ်းမြို့၊ မြင်သားနှင့်ကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၆ ခုမှ ပြည်သူ ၂၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားပြီး ကျေးရွာ ၆ ခုလုံးကို မီးရှို့ဖျက်ဆီးပြာချသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖေါ်ဝါရီ (၂၈)ရက်နေ့မှစတင်ပြီး မတ်လ ၂ ရက်နေ့ အထိ မကွေးတိုင်း ဂန့်ဂေါ်မြို့နယ် ရွာ ၆ ခုကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ခြင်း၊ ယခင်မီးရှို့ခံထားရပြီးသော ရွာများကို ထပ်မံမီးရှို့ခြင်း ၊ ရွာသူရွာသားများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ရွှေဘိုနှင့်ကံတိုးကျေးရွာမှ ပြည်သူ ၂၂ ဦးကျော်ကို စစ်တပ်က သတ်ဖြတ်ပြီး သင်တောရွာမှ အိမ်ခြေ ၂၀၀ ကျော် ၊ ရွှေဘိုကျေးရွာမှ အိမ်ခြေ ၂၀ ကျော်၊ ကံတိုးရွာမှ အိမ်ခြေ ၃၀ ကျော်၊ ဥစမ်းမြို့ရွာ – အိမ်ခြေ ၂၀ ဝန်းကျင်၊ မြင်သားကျေးရွာမှ အိမ် ၂ လုံး ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“မနေ့က မြင်သားနဲ့ ကုန်းကျေးရွာက ပြည်သူ ၁ ဦးစီ စုစုပေါင်း ၂ ဦး စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတယ်။ ကုန်းကျေးရွာက အိမ်ခြေ ၃၀ ကျော်နဲ့ မြင်သားက အိမ် ၂ လုံး မီးရှို့ဖျက်ဆီးတယ်။ အခြားရွာတွေကိုလည်း သူတို့ ဖျက်ဆီးတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွာလုံးကျွတ် မီးရှို့ခံရသည့်ကျေးရွာများမှ ပြည်သူများကို ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ(YRCIDP)က ကူညီစောင့်ရှောက်လျက်ရှိပြီး အသတ်ခံရသည့် ပြည်သူစာရင်းကိုလည်းပြုစုလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article