29 C
Yangon

Breaking News- ည ၁၀ နာရီကျော်ချိန် ပုလဲမြို့နယ် ၊ အုတ်ဖိုရွာကို စစ်ရဟတ်ယာဉ် ၄ စီးဖြင့် စစ်တပ်က ပစ်ခတ်

Must read

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အုတ်ဖိုကျေးရွာကို ယနေ့ည ၁၀ နာရီကျော်ချိန်တွင် စစ်ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာသူကျေးရွာသားများ ကြောက်လန့်တကြား ထွက်ပြေးကြရပြီး သေဆုံးမှု အခြေအနေ မသိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရဟတ်ယာဉ် ၂ စီးနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ နောက်ထပ် ရဟတ်ယာဉ် ၂ စီးက ဝင်လာပြီး ထပ်ပစ်တယ်။ အသေအပျောက်ရှိနိုင်တယ်။ အခုညကြီး အကုန် ပြေးနေကြရပြီ။ သေဆုံးမှု နဲ့ ထိခိုက်မှု အခြေအနေ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများနေထိုင်သော ကျေးရွာများကို နေ့ည မရှောင်ဘဲ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လာပြီး ပြည်သူကို သတ်ဖြတ်နေသော စစ်ဆင်ရေးကိုလည်း အရှိန်မြင့်လာပုံရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ကနီမြို့နယ် လင်းပုန်းရည် ကျေးရွာကို ဝင်စီးပြီး ကျေးရွာသားတစ်ဦးကို အကြောင်း မဲ့ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article