ရန်ကုန်၊ မတ် ၄
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ကိုညွန့်မောင်၏ ကုန်စုံဆိုင်တွင် ယနေ့နံနက် ၆ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ရှေ့ခြမ်း ပျက်စီးသွားကြောင်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် ရှိသော ကုန်စုံဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ကိုညွန့်မောင်သည် ရေနီမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၅ လေ့ကျင့်ရေးတပ်ကို ရိက္ခာနှင့် ငွေကြေးထောက်ပံ့ပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ကနဦး မသိရှိရသေးပေ။