ရန်ကုန်၊ မတ် ၄
မင်းအောင်လှိုင် ပြည်မြို့ကို လာရောက်မယ်ဆိုတဲ့သတင်း ကြောင့် မြို့လယ်ခေါင်နေရာတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းတွေ ဒီနေ့ ချိတ်ဆွဲဆန္ဒပြကြတယ်လို့ PUGN က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့ ကို လာရောက်ရန်ရှိနေပြီး ဒီနေ့ကစလို့ နောက်၄ရက်အထိ မြို့တွင်းရှိ အမိုးအကာတွေနဲ့လမ်းဘေးဈေးဆိုင်အချို့ကိုဖျက်သိမ်းခိုင်းထားတယ်လို့ သတင်း ရရှိထားပါတယ်။
အကြမ်းဖက် စစ်တပ်တွေ တပ်စွဲထားသောနေရာတွေမှာလည်း အရင်ထက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ PUGN သတင်းကဆိုပါတယ်။
“ချုပ်ချယ်ရင် ရုန်းကန်ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင် လံ ထူကြ လွှင့်ကြ” ၊ “ပြည်သူတွေက လက်န က်မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်နက်မပါဘဲလာခဲ့ကြ” ဆိုတဲ့ စာသားတွေကို PUGN Team နဲ့ Shadow (Pyay Defence)အဖွဲ့က ပူးပေါင်းဆောင်ရွက် ချိတ် ဆွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo- Pyay Underground News (PUGN)