29 C
Yangon

ရန်ကုန်တိုင်းကညနမှ စည်ပင်အခွန်ငွေကျပ် ၆၆၆ သိန်း သိမ်းဆည်းလာသော ကား တားဆီးပစ်ခတ်ခံရပြီး ငွေများအားလုံး ဓားပြတိုက်ခံရ

Must read

ရန်ကုန်၊ မတ် ၄

ရန်ကုန်တွင် သန်လျင်မြို့နယ်ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန(ကညန) မှ ငွေကျပ် ၁၃၁ သိန်းနှင့် ဒဂုံတောင်ရှိ ရွာသာကြီး ကညနမှ သိမ်းဆည်းလာသော ငွေကျပ် ၅၃၅ သိန်း စုစုပေါင်း ငွေကျပ် ၆၆၆ သိန်း တင်ဆောင်လာသော ကားကို ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ကာ ငွေများအားလုံး ဓားပြတိုက် ယူဆောင်သွားကြောင်း ရန်ကုန် တိုင်းစစ်ကောင်စီမှ အမည်မဖော်လိုသော တိုင်းဝန်ကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောသည်။

မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် သန်လျင်ကညနမှ သိမ်း ဆည်း လာသော စည်ပင်အခွန်ငွေ ၁၃၁ သိန်း၊ ရွာသာကြီးကညနမှ ငွေကျပ် ၅၃၅ သိန်း စုစုပေါင်း ၆၆၆ သိန်းကို ရန်ကုန်စည်ပင်ဌာန၏ စာရင်းကိုင် မအေးအေးသင်းက အပါအဝင် စည်ပင် ဝန်ထမ်း ၄ ဦးက ငွေသိမ်းဆည်းလာကြောင်း၊ ငွေသိမ်းလာသော 3K/4011 Hijet ကားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက် အမှတ် ၂ လမ်းမကြီးဘေး၊ PT Power ဆိုင်ရှေ့တွင် ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ဦးက တားဆီးကြောင်း၊ ယင်းနောက် သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေကျပ် ၆၆၆ သိန်းကို ယူဆောင်သွားကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် စည်ပင်ငွေသိမ်းကား ယာဉ်မောင်း ကိုဇော်ဝင်း ၏ပါးကို ကျည် ဖောက်ထွက်သွားပြီး အခြေအနေစိုးရိမ်ရသဖြင့် သဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသနေရကြောင်း၊ ငွေယူဆောင်သွားသူ ၄ ဦးကို မမိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article