29 C
Yangon

ကနီမြို့နယ် ချောင်းမ အရှေ့ရွာနှင့် အနောက်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် ပြာကျ၊ ကျေးလက်ကျန်းမာရေးဌာနခွဲကိုလည်း စစ်တပ်က မီးရှို့သွား

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကနီးမြို့နယ်၊ ချောင်းမအရှေ့ရွာနှင့် အနောက်ရွာရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်များက ယမန်နေ့ ည ၁၀ နာရီ အချိန် စစ်တပ်အင်အား ၇၃ ဦးဖြင့် မီးရှို့ဖျက်ဆီးသွားပြီး ကျေးရွာတစ်ခုလုံး ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ည ၁၀ နာရီတွင် ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာနှင့် အနောက်ရွာရှိ ပြည်သူပိုင်နေအိမ်များကို စစ်အင်အား ၇၃ ဦးဖြင့် မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာကို မီးရှို့ဖျက်ဆီးသွားသော စစ်ကောင်စီ တပ်များသည် ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ် လယ်ရှည်ရွာ ၊ ချင်းတောင်ရွာကို ဖြတ်ကာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ အနီးကိုဦးတည်နေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကနီမြို့နယ်၊ ချောင်းမ အရှေ့ရွာမှ လူနေအိမ် ၄ လုံး ၊ နွားတဲကြီး ၃ လုံး ၊ ချောင်းမ အနောက်ရွာက လူနေအိမ် ၁၃ လုံး ၊ နွားတဲကြီး ၆ လုံး ၊ မီးဖိုချောင် ၉ ခူ ၊ထွန်စက် ၃ ခု ၊ ဆီစက် ၃ ခု ၊ ပြည်သူပိုင် အသုံးအဆောင်ပစ္စည်း အများအပြားကို မီးရှို့ဖျက်ဆီးကာ ခိုင်းနွား ၂ ကောင်ကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ရာသီပေါ်သီးနှံများဖြစ်သည့် ဇီးသီး ၊ မြေပဲ ၊ နှမ်း ၊ပြောင်း ၊ ပဲ များစွာနှင့် နွားစာအဖြစ် သိုလှောင်ထားထားသည့် တဲများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ၊ ထို့ပြင် ချောင်းမ အနောက်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူ ၈၀ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကာ ကျပ်သိန်းပေါင်း ထောင်ချီ နစ်နာ ဆုံးရှုံးခဲ့ရကြောင်း၊ အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

“NUG အနေနဲ့ မြေပြင် အခြေအနေကို အမှန်တကယ်သိဖို့အတွက် ပိုမို ချိတ်ဆက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်မှု့အားနည်းတော့ အလုပ် လုပ်ရတာ ရှေ့မရောက်ဘူး။ ပ.က.ဖ၊ ပ.အ.ဖ အဖွဲ့ လောက် လွှတ်တော်ကိုယ်စားလှယ်လောက်နဲ့ ချိတ်ဆက်ရုံလောက်နဲ့ ခုကာလက အလုပ်ရှေ့မရောက်ပါဘူး။ ခွေး တွေ မြန်မြန်သေပြီး အရေးတော်ပုံ မြန်မြန်အောင်ချင်ရင်တော့တကယ့်မြေပြင်မှာ အလုပ်လုပ် နေတဲ့ အဖွဲ့တွေနဲ့ NUG ချိတ်ဆက်ပေးပါ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းတွင် မတ်လ ၃ ရက်နေ့ည ၁၁ နာရီအချိန် အင်တာနက်များဖြတ်တောက်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအားလုံးကို မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူကို သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့် လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article