25 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျွန်းလည်ရွာသို့ အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက် မီးရှို့ဖျက်ဆီး၊ ပြည်သူနေအိမ်အပါအဝင် ကျေးရွာ စာသင်ကျောင်းကိုပါ ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျွန်းလည်ရွာသို့ အကြမ်းဖက် စစ်ကောင်စီ အင်အား ၈၀ ကျော် ယနေ့ မတ် ၆ ရက်‌နေ့ မနက်ပိုင်းတွင် ဝင်ရောက်ကာ ရွာတွင်းရှိ ပြည်သူများ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားပြီး ကျေးရွာ စာသင်ကျောင်းကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက် ၈ နာရီခွဲကျော်လောက်မှာ ကျွန်းလည်ရွာ အရှေ့ထိပ်က နေအိမ်တစ်လုံးကို စပြီးတော့ မီးရှို့တယ်။ မီးခိုးအမြင်အရတော့ ၅ မိနစ်လောက်ကြာပြီး မီးခိုးတွေ လျော့သွားတယ်။ တစ်အိမ်ထဲပဲလို့ ပထမတစ်ဆင့်က ခန့်မှန်းတယ်။ ၉ နာရီ ၄၃ လောက်မှာလည်း ဒုတိယ အကြိမ် မီးခိုးတွေ ထပ်ထွက်လာပါတယ်” ဟု ဒေသခံများက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ကျွန်လည်ရွာရှိ ပြည်သူများနေအိမ်ကို မည်မျှ မီးရှို့ ဖျက်ဆီးခဲ့သည်ကို လက်ရှိအချိန်အထိ အတိအကျ မသိရှိရသေး။

လက်ရှိအချိန်တွင် ကျွန်းလည်ရွာကို မီးရှို့ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီများသည် ကျွန်းလည်ရွာ အရှေ့ဘက်မှ အရှေ့မြောက်သို့ ဦးတည်ကာ မြို့သစ်ကျေးရွာသို့ ဝင်ရောက်နေသည်ဟု ကြားသိရပြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကျွန်းလည်ရွာသို့ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် မတ်လ ၅ ရက်နေ့ကလည်း ဒါးကုန်းနှင့် မှန်တောကျေးရွာများရှိ ပြည်သူများ နေအိမ် ၁၃၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article