29 C
Yangon

သန်လျင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေး မောင်ဖုန်း အသတ်ခံရပြီးနောက် သတင်းပေးဟု သတ်မှတ်ခံရသူ ၂ ဦး ထပ်မံ အသတ်ခံရ၊ သန်လျင်တံတားကို တစ်နေကုန် ပိတ်ထား

Must read

ရန်ကုန်၊ မတ် ၆

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီခန့် အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်ဖုန်း အသတ်ခံရပြီးနောက် သတင်းပေးဟု သတ်မှတ်ခံ၇သူ ၂ ဦး ထပ်မံ အသတ်ခံရသဖြင့် ရန်ကုန်-သန်လျင် တံတားကို နံနက်ပိုင်းမှစတင်ပြီး ယခုအချိန်အထိ စစ်တပ်က ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှ “ဖြိုးတေဇစစ်ဆင်ရေး”အဖြစ် ယနေ့ နေ့လယ် ၁၁နာရီ၄၀မိနစ်အချိန်တွင် လဟာရက်ကျေးရွာနေ ရပ်သိရွာသိ စစ်တပ်ထောက်ခံပြီး သတင်းပေးများဖြစ်ကြသော အောင်နိုင်ဦး နှင့် ကျောင်း ဆရာကျော်စိုးလှိုင် တို့ နှစ်ဦးကို ကျည်ဆံ ၇ တောင့်ဖြင့် ပစ်ခတ်ရာ အောင်နိုင်ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ကျောင်စိုးလှိုင်မှာမူ သေနတ်ကျည်ဆန်ထိမှန်သော်လည်း အခြေအနေ မသိရှိရသေးကြောင်း သန်လျင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးသွားသော ရဲဘော်ဖြိုးကြီးအတွက် ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် “ဖြိုးတေဇ စစ်ဆင်ရေး” ဟု အမည်ပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ ရန်ကုန်-သန်လျင် တံတားကို စစ်တပ်က ဆက်လက် ပိတ် ဆို့ထားသဖြင့် ပြည်သူများ နှင့် ကားများ ပိတ်ဆို့နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article