24.8 C
Yangon

ဖလမ်းတွင် နေအိမ် ၃ လုံး မီးလောင်ပြာကျ၊ စစ်ကောင်စီလက်ပါးစေများ၏ လုပ်ရပ်ဟု ဒေသခံများပြော

Must read

ရန်ကုန်၊ မတ် ၇

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လာမ်ပါရပ်ကွက်တွင် မတ်လ ၆ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်တွင် မီးရှို့ခံရမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပြာကျသွားပြီး ဒေသခံများက အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက ရှို့သည်ဟု ထင်မြင်ယူဆနေကြသည်။

ယမန်နေ့ညတွင် ဖလမ်းမြို့ နေရာ ၃ ခု၌ မသမာသူအချို့မှ အိမ်မီးရှို့ရန် ကြိုးပမ်းမှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

“မနေ့ည ဖလမ်းက ၃ နေရာလောက်မှ မီးရှို့ဖို့ လုပ်တာတွေ ရှိတယ်၊ ဒီနေရာကတော့ အိမ် ၃ လုံး ပါသွားတယ်။ အိမ်တွေကတော့ သာမန်ပြည်သူတွေရဲ့ နေအိမ်တွေပဲ၊ မီးရှို့တာ ဘယ်သူလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ၊ စစ်ကောင်စီက လူတွေ ဖြစ်ဖို့များပါတယ်” ဟု ဖလမ်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မတ်လ ၅ ရက် ညနေပိုင်းတွင်လည်း ဆိုင်ကယ်စီးလူအချို့က ဖလမ်းမြို့၊ နေအိမ် ၂ လုံးကို ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်ကာ မီးရှို့ရန် ကြိုးစားခဲ့ပြီး ဒေသခံများက အချိန်မှီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article