27 C
Yangon

ပြည်ကြီးတံခွန်တွင် ညသန်းခေါင်အချိန် မီးလောင်၊ နေအိမ်တချို့နှင့်ကား ပြာကျ

Must read

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် တွင် မတ်လ ၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စက်မှု ၁ ၊ ၁၃၁/ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တချို့နှင့် ကား ပြာကျသွားကြောင်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်

“ယခုည ၁၂ ထိုးခါနီး မီးလောင်တာ။ မန္တလေး စက်မှုမြို့သစ် ၁၃၀ နဲ့ ၁၃၁ လမ်း ၅၅ လမ်းနဲ့ ၅၆ ကြား မီးလောင်သွားခဲ့တာ။ ဘယ်လိုလောင်လဲတော့မသိဘူး။ အိမ်တွေနဲ့ ကား ၁ စီး လောင်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လောင်ကျွမ်းသော မီးသည် Level 1 အဆင့် လောင်ကျွမ်းခြင်းဖြစ်ပြီး မိနစ် ၂၀ ဝန်းကျင် လောင်ကျွမ်းပြီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article