30 C
Yangon

စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်မှုကြောင့်ဟုဆိုကာ ခင်မောင်အေးပိုင် CB ဘဏ် ATM ဖောက်ခွဲခံရ ၊ မန္တလေးနှင့်လှိုင်သာယာတို့တွင်လည်း ဗုံးများပေါက်ပြီး စစ်ကောင်စီဘက်တော်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၇

စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်မှုကြောင့်ဟုဆိုကာ ခင်မောင်အေးပိုင် CB ဘဏ် ATMကို ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း Justice Bringer Forceက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိင်မြိုနယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိင်နယ်မြေ)ရှိ ATM စက်တွင် ယမန်နေ့ မတ်လ ၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန် လက်လုပ်ဗုံး ပေါက်ကွဲကြောင်း၊အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းရာတွင် ကူညီ ပါဝင်ဆောင်ရွက်ပေးနေသူ CB Bank ဥက္ကဌ ခရိုနီ ခင်မောင်အေး အား သတိပေးသောအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Justice Bringer Force က ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် CB ဘဏ် ATM ငွေထုတ်စက် ကာရံထားသည့် သံပြားပေါက်ပြဲပြီး ရှေ့ဝင်ထွက်မှန်တခါးပျက်စီးကြောင်း၊ ATM စက် နောက်ဘက်သံပြားအဖုံးပွင့်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရNUG က CB Bank ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines သည် စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်နေကြောင်း ထုတ်ပြန်ပြီး GMA ဘက်ကမူ အဆိုပါ ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

အလားတူ မတ်လ ၆ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ် လုံခြုံရေးယူထားသည် မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင်လည်း မန္တလေးတွင် ဗုံးပေါက်ကွဲသံ ကြားရပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။

ထို့ပြင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် သေနတ်သမားတချို့က ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်တော်သား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article