27 C
Yangon

မိုးညှင်းနှင့် နန့်မားကြား တိုက်ပွဲတွင် PDF ၇ ဦး ကျဆုံး၊ စစ်သား ၂၀ ကျော် သေဆုံးဟုဆို

Must read

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် နန့်မာကျေးရွာကြား ညောင်ကုန်း၌ ယနေ့ နံနက် ဖြစ်ပွားသောတိုက်ပွဲတွင် ဒေသခံ PDF ၇ ဦး ကျဆုံးကာ စစ်ကောင်စီဘက်မှ ၂၀ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

‘ကျဆုံးသူ (PDF) တွေကတော့ နန်းမားသား ၃ ဦး၊ မိုးညှင်းသား ၂ ဦး၊ ရန်ကုန်သား ၂ ဦး ဖြစ်ပြီး စစ်ကောင်စီကား ၁ စီးမီးလောင်ကာ စစ်ကောင်စီ တပ်သား ၂၀ ယောက် ထက်မနည်း ‌သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်’ ဟု ဒေသသတင်းရင်းမြစ် မနောအသံတွင် ဖော်ပြသည်။

မိုးညှင်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက် ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများသည် မိုးညှင်းနှင့် နန့်မားကျေးရွာများမှပင် ကြားရပြီး ဈေးဆိုင်ခန်းများ ပိတ်သိမ်းကာ အရေးပေါ် ရှောင်တိမ်းမှုပြုနေကြကြောင်း သိရှိရသည်။

စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရပြီးနောက် မိုးညှင်းဘက်မှ စစ်ကား ၆ စီးခန့် တိုက်ပွဲဖြစ်ရာ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article