25 C
Yangon

ချင်းပြည်နယ်တွင် တပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံး၊ ချင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး ကျဆုံး

Must read

ရန်ကုန်၊ မတ် ၉

ချင်းအမျိးသားတပ်မတော် CNF/CNA လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား ဖေဖေါ်ဝါရီလ ၂၇ ရက်မှ မတ်လ ၇ ရက်နေ့အထိ တိုက်ပွဲ ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၈၀ ကျော်သေဆုံးကာ ချင်းတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း CNF/CNA က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာထောက်ပံ့ရန် လာသည့် သံချပ်ကာအမြှောက်ကား ၂ စီး၊ စစ်ကား ၂၇ စီးယာဉ်တန်းကို ချင်းတပ်ဖွဲ့များက ၁၅ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ဦး ဝန်းကျင်သေဆုံးကြောင်း၊ CNA ရဲဘော် ၃ ဦးနှင့် CNDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ အဆိုပါ တိုက်ပွဲများတွင် CNA၊ CNDF၊ CDF-Hakha တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖလမ်းမြို့နယ်၊ အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို CNA၊ CNDF၊ PDF-Zoland၊ CDM-Siyin၊ CDF-Hualgoram တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးခန့် သေဆုံးကြောင်း၊ ချင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များ
Photo – Chinland Information Center

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article