25 C
Yangon

ဖာပွန်ခရိုင်၊ မယ့်တရူလော်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို KNLA ဝင်တိုက်၊ စစ်သား ၁၆ ဦး အရှင်ဖမ်းမိပြီး သေနတ် ၂၉ လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ၊ စစ်သား ၁၄ ဦး ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၉၇ တပ်ဖွဲ့ကို ယမန်နေ့ မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦး ထိခိုက်သေဆုံးကာ ၁၆ ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၂၉ လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထိခိုက်သေဆုံးသူများထဲတွင် ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူး ၁ ယောက် ပါဝင်ကြောင်းသိရှိရသည်။

KNLA က ဝင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးကာ စစ်ကောင်စီတပ်၏ RPG-7 ၂ လက်၊ စက်လက် ၁ လက်၊ K3 မောထော ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်၊ RPG ကျည် ၆ လုံး၊ ၆၀ မမ ကျည် ၅ လုံး၊ ၇၉ မမ ကျည် ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၂၄ လုံး၊ ဖုန်း ၁၅ လုံး၊ စနိုက်ဘာ ကျည်ကတ် ၆ ခု၊ စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု၊ K3 ကျည် ၂၀၉၉ ခု၊ Nato စက်လက် ကျည် ၅၆၇ ခု၊ ဆွဲမိုင်း ၁လုံး၊ ငွေ ၃,၉၁၁,၁၁၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ဘက်မှ ၄ ဦး ဒဏ်ရာရရိခဲ့ပြီး စစ်ကောင်စီ ရမ်းသန်းပစ်သောကျည်ထိမှန်ကာ ပြည်သူ ၄ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article