25 C
Yangon

ဖာပွန်ရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် ၁၄ ဦးသေဆုံး ၊ စစ်သား ၁၆ ဦး ကို လက်နက်များနှင့်အတူ ဖမ်းမိ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၁၂

ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၉၇ ကို မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် KNLA တပ်မ ဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးကာ ၁၆ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်သတင်းရင်းမြစ်များက သတင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက် ၂၉ လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိကြောင်း ၊သေဆုံးသူများထဲတွင် ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူး ၁ ယောက် ပါဝင်ကြောင်းသိရှိရသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် KNLA နှင့် ပူးပေါင်းတပ်က စစ် တပ်ကို ဝင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက် ၂၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာတွင်
RPG-7 ၂ လက်
စက်လက် ၁ လက်
K3 မောထော ၄ လက်
စနိုက်ပါ ၂ လက်
MA2 ၆ လက်
MA1 ၈ လက်
MA3 ၆ လက်
RPG ကျည် ၆ လုံး
၆၀ မမ ကျည် ၅ လုံး
၇၉ မမ ကျည် ၅ လုံး
လက်ပစ်ဗုံး ၁ လုံး
ဦးထုပ် ၂၄ လုံး
ဖုန်း ၁၅ လုံး
စနိုက်ဘာ ကျည်ကတ် ၆ ခု
စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု
K3 ကျည် ၂၀၉၉ ခု
Nato စက်လက် ကျည် ၅၆၇ ခု
ဆွဲမိုင်း ၁လုံး
ငွေ ၃,၉၁၁,၁၁၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရရိခဲ့ပြီး စစ်ကောင်စီ ရမ်းသန်းပစ်သောကျည်ထိမှန်ကာ ပြည်သူ ၄ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article