33 C
Yangon

ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့၊ ရေလယ်ကျွန်းစခန်းမှ ရဲနယ်ထိန်းတပ်ကြပ် ဟိန်းထက် အသတ်ခံရ ၊ မင်းကင်းတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၅ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ မတ် ၁၇ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့၊ ရေလယ်ကျွန်းရဲစခန်းမှ နယ်ထိန်းရဲဟိန်း ထက် မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ ၀၅ မိနစ်တွင် အသတ်ခံလိုက်ရကြောင်း သိရှိရသည်။ 

မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ ၀၅ မိနစ်အချိန် ရေစကြို YSO.ISA အဖွဲ့သည်  PDF သတင်းများ ထောက် လှမ်းပြီး အရပ်သားများနှင့် ရောနှောကာ စုံစမ်းမှုများလုပ်ဆောင်နေသော ရေလယ်ကျွန် စခန်းမှ ရဲနယ်ထိန်းတပ်ကြပ် ဟိန်းကို ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း၊ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိသည်။ 

“အဲဒီ နယ်ထိန်းက  ဖဲဝိုင်းမှာ လာထိုင်နေတာ။ အဲဒီနယ်ထိန်း ဆိုးနေတာကြာပြီ။ရွာပြင်မှာ သေနတ်ဒဏ်ရာ ၃ ချက်နဲ့သေနေတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။  

အလားတူ မတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ပိုင်းရှိ ကူလဲရွာ အနီးတစ်ဝိုက်တွင် မင်းကင်းအခြေစိုက် စစ်တပ်နှင့်ပျူစောထီး စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင်နှင့် KPDF 2၊ ကနီပကဖ၊ မင်းကင်း PDF ၊ မင်းကင်းပကဖ၊ တောင်တွင်းပကဖနှင့် ဒီပဲယင်းတပ်ရင်း ၃ – ညီနောင် ပူးပေါင်းအဖွဲ့တို့အ ကြား နံနက် ၇ နာရီခွဲမှ စတင်၍  ၁၁ နာရီအထိ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် ပျူစောထီး ၅ ဦး သေဆုံးပြီး PDF များဘက်မှ ၁ ဦး ကျဆုံးခဲ့ရကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)၊ KPDF 2၊ တပ်ရင်း(၂) က သတင်းထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ-မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article