33 C
Yangon

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ပေါ်လစီ မတည်ငြိမ်မှုကြောင့် အသီး အနှံများဖျက်ဆီးခံရပြီး မြန်မာတောင်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာ၊ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များ တရုတ်ပြန်ပိတ်

Must read

ရန်ကုန်၊ မတ် ၁၇

တရုတ်-မြန်မာနယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မြန်မာဘက်မှ တင်ပို့သောသစ်သီးဝလံနှင့် အခြားကုန်စည်ဈေးကွက် ပုံမှန်ပြန်မဖြစ်ဘဲ တရုတ်အာဏာပိုင်များ အမျိုးမျိုးသော ဥပဒေများကြောင့် ကုန်များ ပုတ်သိုးပျက်စီးသွားသဖြင့် မြန်မာတောင်သူနှင့်ကုန်သည်များ နစ်နာလျက်ရှိကြောင်း သိရှိရသည်။

တရုတ်က ကိုဗစ်ရောဂါနှင့်ဆက်စပ်၍ နယ်စပ်ဝင်ခွင့်နှင့်ကုန်ကားကြီးများဝင်ထွက်ခွင့်ကို မူဝါဒအမျိုးမျိုးပြောင်းလဲကြောင်း၊ တရုတ်ပြည်သို့ အဝင်ကုန်ကားများကို ကျင်စန်းကြော့ဂိတ်တစ်ခုမှသာ တရုတ်ကားများပေါ်သို့ ကုန်စည်များ ပြောင်းတင်းပြီး ဝင်ခွင့်ပြုကြောင်း ၊ မြန်မာကုန်တင်ကားများကိုဝင်ထွက်ခွင့်မပြုသဖြင့်မြန်မာကုန်သည်များနှင့်တောင်သူများများစွာနစ်နာလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များက ကိုဗစ်ရောဂါကူးစက်မှုများပြားလာသည်ဟုဆိုကာ နယ်စပ်ဂိတ်များကို ပြန်လည် ပိတ်လိုက်ကြောင်း၊ ယင်းကြောင့် တရုတ်ဘက်သို့ တင်ပို့ရန် ရောက်ရှိလာသော မြန်မာ့သစ်သီး၀လံများ ပုတ်သိုးဖျက်ဆီးလိုက်ရကြောင်း ကုန်သည်များက ဆိုကြသည်။

“တရုတ်က နယ်စပ်ဂိတ်တွေပြန်ပိတ်လိုက်တယ်။ အဓိက က မြန်မာပြည်ကနေ တရုတ်ပြည်ဝင်ရင် ကားခတွေ ဈေးကြီးပါတယ်။အဆင့်ဆင့် အခက်ခဲတွေများတော့ ဖရဲသခွားတွေ ပုတ်ကုန်ပါတယ်။ တရုတ် အကောက် ခွန်ရဲ့ စစ်ဆေးမှုတွေတင်းကျပ်တာကြောင့် အသီးကားတွေ အဝင်အထွက်ခက်ခဲနေပါတယ်။ မြန်မာသစ်သီးတောင်သူတွေနဲ့ ကုန်သည်တွေ ဆုံးရှုံးမှုတွေအရမ်းများတယ်” ဟု မြန်မာနယ်စပ်ကုန်သည်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article