25 C
Yangon

ဒီးမော့ဆိုတွင် စနိုက်ပါဖြင့် ပစ်ခတ်၍ အရာရှိအပါအဝင် စစ်ကောင်စီတပ်မှ ၆ ဦးသေ၊ အလောင်းကို ရဟတ်ယာဉ်ဖြင့်သယ်ယူ

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိအပါအဝင် ၆ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့ ဒီးမောဆိုမြို့နယ် အိုးခူးရီးရွာတွင် တပ်စွဲ ထားသောအကြမ်းဖက်စစ်ကောင်စီတပ်များကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နှင့်လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း သိရှိရသည်။

စနိုက်ပါအဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးတွင် အရာရှိတစ်ဦးပါဝင်အလောင်းကို ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article