31 C
Yangon

စစ်ကောင်စီတပ်သား ၄၀ ကျော်ပါသော သံခွန်မော်တော် ၁ စီးကို မြို့လှ PDF တိုက်ခိုက်၊ မော်တော်အတွင်းသို့ RPG ထိမှန်ပြီး စစ်သား သေဆုံးထိခိုက်မှုများ၊ ပခုက္ကူတွင်လည်း စစ်ကောင်စီထောက်တိုင် Mytel ရုံးကို ဗုံးပစ်တိုက်ခိုက်ပြီး နောက်ဆုံးအကြိမ် သတိပေး

Must read

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အာ း၄၀ ကျော်ပါသော သံခွန်မော်တော် ၁ စီးကို ကချင်ပြည်နယ် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် ယနေ့ မတ်လ ၁၈ ရက် နံနက် ၄ နာရီခန့်၌ မြို့လှ PDF က တိုက်ခိုက်ခဲ့ပြီး စစ်သား သေဆုံးထိခိုက်မှုများ ရှိနိုင်ကြောင်း သိရှိရသည်။

တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မြို့လှ PDF က ပစ်ခတ်သော RPG လက်နက်ကြီးကျည် ၁ လုံးသည် စစ်ကောင်စီ မော်တော်အတွင်း ထိမှန်သွားကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးသည် ကသာမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဖက်သို့ ဆန်တက်လာစဉ် ဘေးတဖက်တချက်ရှိ မြစ်ကမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် မြစ်ကြောင်းဘေးရှိ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အဆိုပါ စစ်ကောင်စီ သင်္ဘော ၂ စီးကို မိုးတားနှင့် ကျောက်ကြီးရွာကြားတွင် ယမန်နေ့ မတ်လ ၁၇ ရက်နေ့၌ ဒေသကာကယွ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိကြောင်း မြို့လှ PDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ပခုက္ကူ၊ အမှတ် (၃) ရပ်ကွက်၊ (ဂ) ကွင်း (၅)လမ်းရှိ စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် mytel ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Pakokku North Defence (PKU N PDF) သတင်းထုတ်ပြန်သည်။

အဆိုပါ Mytel ရုံးသည် ရုံးပိတ်ခြင်းများ၊ ဝန်ထမ်းများကလည်း အလုပ်ထွက်ခြင်းများမရှိဘဲ ရုံးလည်ပတ်နေသဖြင့် ဗုံးပစ်တိုက်ခိုက်ပြီး နောက်အဆုံးအကြိမ် သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ လျှပ်စစ်မီတာခ ကောက်ခံနေသူများ၊ ငွေချေးဘဏ်များ၊ စစ်ကောင်စီကို ထောက်ပံ့ပေးသော လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားနေသူများအားလုံး ရပ်တန်းက ရပ်ကြရန် ပခုက္ကူ North Defence (PKU N PDF) သတိပေးထုတ်ပြန်ထားသည်။

ဓါတ်ပံဒ – မြို့လှ PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article