30 C
Yangon

ဖရူဆိုမြို့ ခမရ ၅၃၁ တပ်ရင်းနှင့် မြို့မရဲစခန်းကို KNDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၅၃၁) တပ်ရင်းနှင့် လက်ပါးစေ မြို့မရဲစခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၁၅ က ယနေ့ မတ်လ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင် မြို့မရဲစခန်းနှင့် ခမရ ၅၃၁ တပ်ရင်းကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF တပ်ရင်း ၁၅ က သတင်းထုတ်ပြန်သည်။

ယင်းနောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာလာခဲ့ကြောင်း သိရှိရသည်။

မတ်လ ၆ ရက်နေ့နှင့် ၈ ရက်နေ့တွင် ဖရူဆိုမြို့ရှိ လေ့ကျင့်ရေးတပ်နှင့် ခမရ ၅၃၁ တပ်ရင်းများကို KNDF တပ်ရင်း ၁၅ က ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article