38 C
Yangon

ကရင်နီပြည်သူ့ရင်ခွင် အဖွဲ့ထံ အလင်းဝင်လာသော CDM စစ်သားများကို စခန်းသွင်းလေ့ကျင့်နေပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသော CDM စစ်သားများကို စုစည်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရှိရသည်။

လက်ရှိတွင် ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံကာ CDM ပြုလုပ်လာသော တပ်သား ၃၀ ကျော် ရှိနေပြီဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အဓိပ္ပါယ်များ၊ စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများ အကြောင်း စခန်းသွင်းကာ လေ့ကျင့်သင်ကြားပေးနေကြောင်း သိရှိရသည်။

“ကရင်နီပြည်မှာ CDM လုပ်လာတဲ့သူတွေကို ကျနော်တို့ အကုန်စုတယ်၊ ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးအတွေးခေါ် အမြင် တွေကို ဆွေးနွေးတယ်၊ ချပြတယ်၊ ပြီးတော့ ကျနော်တို့က သူတို့ကို ဖက်ဒရယ် ဒီမိုကရေစီစနစ်ရယ် အာဏာရှင် စနစ်ရယ်ကို ခွဲခြားပြတယ်။ နောက် လူထုတွေ လိုလားနေတဲ့ တပ်မတော် ဆိုတာ ဘာလဲ ချပြတယ်။ သူတို့ သိမြင်လာတော့ အာဏာရှင်စနစ်ကို ပြန်တော်လှန်မယ်၊ စစ်ကောင်စီကို ပြန်တော်လှန်မယ်ဆိုတော့ ကျနော်တို့က စခန်းသွင်း လေ့ကျင့်ပေးနေတာခင်ဗျ” ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့မှ Bo Layan က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ CDM စစ်သားများကို တဦးလျှင် တလ ၃၀,၀၀၀ ကျပ်ထောက်ပံ့ပေးထားပြီး လက်ရှိတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က တာဝန်ယူထောက်ပံ့ပေးထားကြောင်း သိရှိရသည်။

“ကျနော်တို့က CDM လုပ်လာတဲ့သူတွေကို လုံခြုံအောင်ထားပေးတယ်၊ သူတို့ စားဝတ်နေရေးအတွက် ဖန်တီးပေးတယ်၊ တလကို ၃၀,၀၀၀ ထောက်ပံ့ပေးတယ်၊ လောလောဆယ် NUG က မထောက်ပံ့သေးတော့ KNDF အောက်ကနေပဲ သွားနေတယ်။ နောက် သူတို့ကို ဒီတော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍမှာ ပါဝင်ချင်လဲလို့ မေးတယ်၊ ထောက်ပို့ပဲဖြစ်ဖြစ် သင်တန်းမှူးပဲဖြစ်ဖြစ် သူတို့ လုပ်ချင်တာကို ပေးလုပ်တယ်၊ အကယ်၍ မဟုတ်ဘူး စစ်ကောင်စီကို တိုက်ချင်တယ်ဆိုလည်း တိုက်ပေါ့၊ သူတို့က အတွေ့အကြုံရှိတဲ့သူတွေဆိုတော့ သူတို့အတွက် သိပ်မခက်ခဲဘူး၊ သိပ်မကြာခင် ဒီဟာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။” ဟု Bo Layan က ဆက်ပြောသည်။

ကရင်နီပြည်သူ့ရင်ခွင့်အဖွဲ့အနေဖြင့် NUG နှင့် တိုင်ပင်ဆွေးနွေးတောင်းဆိုထားခြင်းများရှိကြောင်း၊ CDM စစ်သားများကို စခန်းသွင်းလေ့ကျင့်ပေးနေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓါတ်ပုံ – ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံလာသော CDM စစ်သား ဓါတ်ပုံ ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article