36 C
Yangon

ပြင်ဦးလွင်မြို့မ ရဲစခန်းဥပစာရှိ ဆိုင်ခန်း ၃၅ ခန်း၊ ခရိုင်အားကစားဝင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းကို မတရား သဖြင့် စစ်တပ်က ဖျက်သိမ်းခိုင်း၊ ဆိုင်ခန်းရှင်များ အခက်တွေ့နေ

Must read

ရန်ကုန်၊ မတ် ၁၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မ ရဲစခန်းဥပစာရှိ ဆိုင်ခန်း ၃၅ ခန်းကို မတ်လ ၂၅ ရက်နေ့၊ ခရိုင်အားကစားဝင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းကို ယခုလ နောက်ဆုံးထားဖယ်ရှားရန် မတရားသဖြင့် စစ်တပ်က ခြိမ်းခြောက်ဖိအားပေးနေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

”၁လ၂၀၀၀၀ ရဲစခန်းကို ပေးလာတာ ၁၀နှစ်ကျော်ပါပြီ။ တစ်ခန်းကို ၂၀၀၀၀ စခန်းကို လတိုင်းသွင်းရပါတယ်။ မြေလခပါ မကောက်တာ ၁နှစ်ကျော်ပါပြီ။သွားပေးရင်လည်းမယူဘူး။အခုကျတော့ စည်းကမ်းမညီဘူးဆိုပြီး ဖျက်ခိုင်းတာပါ”ဟု ဆိုင်ခန်းရှင် တစ်ဦးက ပြောပြသည်။

အဆိုပါဆိုင်ခန်းများကို ကန်ထရိုက်ထံမှ သိန်း ၁၅၀ ပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ် ဆိုင်ခန်း ဆောက်လုပ်ဝယ်ယူစဉ်က စာချုပ်ထဲတွင် ရဲစခန်းတည်သရွေ့ မဆုံးရှုံးစေရဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ရောင်းချသူအဖြစ် ပါဝင်လက်မှတ်ထိုးထားသော်လည်း လက်ရှိအချိန်တွင် စည်းကမ်းနှင့် မညီဟု မတရားသဖြင့် ပြောဆို ရွှေ့ခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ခန်းရှင်များထံမှ သိရှိရသည်။

အလားတူ ပြင်ဦးလွင် ခရိုင်အားကစားဝင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းကိုလည်း ယခုမတ်လ နောက်ဆုံးထား စစ်တပ်က ဖယ်ရှားခိုင်းကြောင်း ဆိုင်ခန်းရှင်များကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article