30 C
Yangon

ဒီးမော့ဆို၊ အိုးခူးရီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF စနိုက်ပါတပ်ဖွဲ့များ တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုးခူးရီးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် PDF စနိုက်ပါတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးသွားကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အူးခူးရီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF တပ်ဖွဲ့များမှ စနိုက်ပါတပ်သားများ သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁၇ ရက်တွင်လည်း အူးခူးရီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF စနိုက်ပါတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကာ အဆိုပါ အရာရှိအလောင်းကို ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article