33 C
Yangon

ခရမ်းမြို့မရဲစခန်း၊ လျှပ်စစ်ရုံးနှင့်သစ်တောဂိတ်ကို ၄၀ မမ ဗုံးသီးလက်နက်ဖြင့် တိုက်ခိုက်၊ သန်လျင်ထွေအုပ်ဝန်ထမ်းအိမ်ရာတွင် ဗုံးပေါက်ပြီး ဒုဦးစီးမှူး၏ စိုးရိမ်ရဒဏ်ရာရ၊ အမြန်လမ်း ၈၆ မိုင်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မြို့မ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့်သစ်တောဂိတ်ကို ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ယ နေ့ တိုက်ခိုက်ကြောင်း ခရမ်း PDF က သတင်းထုတ်ပြန်ထားသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၁ မိနစ်အချိန် ခရမ်းမြို့မရဲစခန်းတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ခရမ်းမြို့ လျှပ်စစ်ရုံးတွင် ယနေ့ညနေ ၅ နာရီ ၄၉ မိနစ်အချိန် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ၊ အလားတူ သစ်တောဂိတ်တွင်လည်း ဗုံးပေါက်ကွဲကြောင်း ၊ ခရမ်း PDF က ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲသံများ ထွက်ပေါ်အပြီး အရေးပေါ်ကားသံများ ခရမ်းမြို့တစ်မြို့လုံးရှိ ပြည်သူများ ကြားသိခဲ့ရကြောင်း ခရမ်းသတင်းရင်းမြစ် Khayan Channel က သတင်းထုတ်ပြန်ထားသည်။

အလားတူ မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သန်လျင်မြို့နယ်၊ အောင်သိဒ္ဓိလမ်းရှိ ထွေအုပ်ဝန်ထမ်းများနေထိုင်သည့် သုံးထပ်တိုက်ကို ဖောက်ခွဲတိုက်ခိုက်ရာ ဒုဦးစီးမှူး ဒေါ်ဇာဇာလွင်၏ ဖခင် ဦးထိန်လင်းကြည် စိုးရိမ်ရဒဏ်ရာရရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း ၈၆ မိုင်တွင် စစ်ကောင်စီယာဉ်တန်းတစ်ခုကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရိုးမ)နှင့် Eagle Guerrilla Force က ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရိုးမ)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော ခရမ်းမြို့မ ရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article