35 C
Yangon

ကောလင်း၊ လောင်းရှည်နှင့် ပွင့်ဖြူ တို့တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်းနေပြီး စစ်သား ၂၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ်လ ၁၉

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ကောလင်းနှင့် ကန့်ဘလူ မြို့နယ်ကြား နှောကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ PDF တပ်ဖွဲ့များက ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၆နာရီခန့်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော kawlin info က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့မျာူးည် ယနေ့ နံနက်ပိုင်းတွင် ကန့်ဘလူ-ကောလင်းနယ်စပ်ကို စစ်ကြောင်းထိုး လာခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန် လျက်ရှိကြောင်းသိရသည်။

” ဒီနေ့ နံနက်ပိုင်း ကန့်ဘလူ-ကောလင်းနယ်စပ်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ခွေး ၂၀ကျော်သေဆုံးပြီး ခွေးတွေ ဖရိုဖရဲ ထွက်ပြေးနေတယ်။ နှောကုန်း နားတိုက်ခံရတာ နံနက် ၆နာရီလောက်ကလို့ ပြောတယ်” ဟု kawlin info က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကောလင်းမြို့နယ်နှင့် ကိုးတောင်ဘို့ရွာကြားတွင် ဒေသခံ PDFတပ်ဖွဲ့များနှင့် စစ်ကူလာသော စစ်ကောင်စီ တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ PDF တပ်ဖွဲ့များ မှ ကောလင်း- ကျွန်းလှ- ကန့်ဘလူလမ်းပိုင်းရှိ အဆင်းကားများကို တားဆီးထားကာ တိုက်ပွဲပြင်းထန် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း လောင်းရှည်မြို့မှ ဆောမြို့သို့ ထွင်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် လပို့တောင် ဘုရားအနောက်ဘက်ခြမ်း ခင်ကြော၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း လောင်းရှည် PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လောင်းရှည် မှ သင်းကွဲတောင် လပို့တောင်တန်း နှင့် သံပုရာတောင်ကြောကို ဖြတ်၍ ဆောသို့ အင်အား ၅၀ ကျော်ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး လောင်းရှည် PDF (LSRPDF)က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်နှင့် မကြီးစု ကျေးရွာ တစ်ဝိုက် လုံခြုံရေး ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပွင့်ဖြူ PDF တပ်ဖွဲ့က ယနေ့ မတ်လ ၁၈ ရက်နေ့ ည ၁၀နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးခဲ့ကြောင်း ပွင့်ဖြူ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – ရိုက်တာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article