25 C
Yangon

ဂုဏ်သိက္ခာ ကင်းမဲ့နေသော စစ်တပ်ကို တော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ပါ ဝင်မည်ဖြစ်ပြီး ပြည်သူလိုချင်သော ပန်းတိုင် ရောက်ရှိမည်ဟု CDM တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းပြော

Must read

By ပြည်သူ့ပန်းတိုင်

ခမရ ၃၅၁ ကျောက်ကြီး၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် တာဝန်ထမ်းရင်း ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့်ချိတ်ဆက်၍ CDM လုပ်ခဲ့ရာ ယခုအခါ လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေပြီဖြစ်သည်။

ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီးညီသုတနှင့် CDM ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းတို့ တွေ့ဆုံ ပြောဆို စကားပြောဆိုမှုများကို ပြည်သူများ သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က ပြည်သူ့ပန်းတိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါ သည်။

ဗိုလ်ကြီးညီသုတ။ ။ CDM မလုပ်ခင် ဘယ်တပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့တာလဲ။

ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ။ ။ မိခင်တပ် ၅၁၃ ပင်လုံ ကနေပြီးတော့ G 3 နဲ့ တပ်မတော် ODD မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၅၇၄ ကျိုင်းတောင်း ယာယီ တပ်ခွဲမှူး ဗိုလ်မှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီကနေပြီးတော့ G 2 ပေါ့။ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာ လေ့လာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတပ်ရင်းမှူး တာ ဝန်တွေကိုတော့ ခမရ ၄၃၁ ကော့သောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၃နှစ်နဲ့ ၁ဝလလောက် ကြာခဲ့ပါတယ်။ ပြီးတော့ တပ်ရင်းမှူး ရာထူးနဲ့ CDM လုပ်လာတာကတော့ ခမရ ၃၅၁ ကျောက်ကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်ကြီးညီသုတ။ ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းမှူး တစ်ယောက်က CDM လုပ်ချင်တယ် ဖြစ်တာတော့ ဒါကို စီစဉ်ရတာပေါ့။ CDM စလုပ်တဲ့ အချိန်မှာ စစ်တပ်က သိသွားမှာကို ဘယ်လို စိုးရိမ်ခဲ့လဲ။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း ။ ။ စလုပ်ဖို့ဆုံးဖြတ်ဖို့ တိုင်ပင်တဲ့အချိန်မှာ ဒီဖက်က ညီလေးကို စဆက်သွယ်တဲ့အချိန်မှာတော့ ညီလေးတို့က ကိုယ့်သတင်းကို တိုင်ပင်တဲ့အချိန်မှာ ရုတ်တရက်ကြီး ကိုယ်ထွက်မလာသေးခင်မှာပဲ အပြင်မှာ ပေါက်ကြားသွားတယ်ဆိုရင် ကိုယ့်ကိုတော့ စစ်ကောင်စီက ခေါ်ယူမေးမြန်းမှာတွေ အရေးယူတာတွေ အပြစ်ပေးမှာတွေကိုတော့ ဒါတွေတော့ စိုးရိမ်ထိတ်လန့်မှုတွေရှိတာပေါ့။

ဒါပေမယ့် တစ်ဖက်ကနေ ပြန်ကြည့်တယ်ဆိုရင်လည်း လက်ရှိတပ်မှာ ကိုယ်အကြီးဆုံး ကိုယ့်အနေအထားနဲ့ဆိုရင်တော့ တစ်ဖက်မှာကျတော့လည်း ဒါကမဖြစ်နိုင်ပါဘူးဆိုတဲ့ သံသယလေးတွေလည်းရှိတော့ အရမ်းကြီးတော့ မစိုးရိမ်ပါဘူး။

မစိုးရိမ်ပေမယ့်လည်း စိတ်ထဲမှာ မဝင့်မရဲတော့ ဖြစ်မိတာပေါ့။ ချိတ်ဆက်တာကတော့ ၁လခွဲနဲ့ ၂လလောက်ကြာပါတယ်။ ဖုန်းနဲ့ ဆက်သွယ်တာကော စကား ပြောတာ ၃ ၊ ၄ ကြိမ်လောက် ပြောခဲ့ရတယ်။ ကြားထဲမှာလည်း ကိုယ်သိတဲ့ ကိုယ့် အသိုင်းအဝိုင်းတွေလည်း CDM လုပ်ဖို့ နီးစပ်ရာ လက်လှမ်းမှီတာတွေ ချိတ် ဆက်တာတွေ လုပ်ခဲ့တယ်။

ညီလေးတို့နဲ့ကတော့ ဖုန်း ၃ ၊ ၄ကြိမ်လောက် ပြောခဲ့တယ်။ ကြားထဲမှာတော့ ကိုယ်ချိတ်ဆက်မှုတွေလုပ်နေပါတယ်။ သေချာမှုရှိလား။ မရှိဘူးလားဆိုတာ တပ်ရင်းမှူး တစ်ယောက်အနေနဲ့ CDM လုပ်ဖို့က အရမ်းကို အန္တရာယ်များတာပေါ့။ အစွန်းနှစ်ဖက်ကို နင်းနေရတာပေါ့။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ အနေအထားရှိသလို တစ်ဖက်မှာလည်း CDM လုပ်တဲ့လမ်းကြောင်းမှာ သေချာ ရေရာမှုပေါ်မှာ စိုးရိမ်မှု တစ်ခုတော့ရှိပါတယ်။ အဲပေါ်မှာပဲ ကြိုးစားပြီးတော့ လျောက်လှမ်းလာခဲ့တာပေါ့။

ဗိုလ်ကြီးညီသုတ။ ။ ကျန်တော်တို့ CDM ပြုလုပ်ဖို့ကြိုးစားချိန်မှာ ပထမ တစ်ကြိမ် မအောင်မြင်ခဲ့ဘူးနော်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း ။ ။ အဲဒါလည်း အကြောင်းအမျိုးမျိုးကြောင့်ပဲ ပြောကြတာပေါ့။ အဲဒါမအောင်မြင်ခဲ့ဘူး။ ပြီးမှ နောက် တစ်ကြိမ်ထပ် ဆက်သွယ်တဲ့ အချိန်မှာ အောင်မြင်တာပေါ့။

ဗိုလ်ကြီးညီသုတ။ ။ တပ်ရင်းမှူး တစ်ယောက် CDM ပြုလုပ်ဖို့ အဓိက ဘယ်အရာတွေက တွန်းအားဖြစ်မလဲ။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ ။ အဓိက တွန်းအားကတော့ လက်ရှိလုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်တွေ ကိုယ်တို့ ကိုယ့်တို့ ဇာတိမြေ အညာတို့ စစ်ကိုင်းတိုင်း ဝန်းကျင်မှာဆိုရင်လည်း အကိုက ဒီပဲယင်း ဇာတိပါ။ စစ် ကိုင်းတိုင်းဝန်းကျင်မှာဆိုရင်လည်း ရွာလုံးကျွတ် မီးရှို့တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒါတွေက အကိုတို့ နီးစပ်ရာတွေက တစ်ဆင့် ပြန်သိရတာပေါ့။

ပြန်သိတဲ့အချိန်မှာ ကိုယ်တို့ကိုလည်း သူတို့က မျိုးမင်းရေ CDM မလုပ်သေးဘူးလား။ ဒါမျိုးတွေ မေးတာတွေ မြန်းတာတွေ ပြီးတော့ အကိုတို့အနေနဲ့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ် ခွင့်ပြန်ဖို့တောင်းမှ ခွင့်ရခဲ့ရင်တောင်မှ ခွင့်ပြန်လို့မရတဲ့ အနေအထားမျိုးတွေ ပြည်သူရဲ့ နာကြီး မုန်းတီးမှုတွေ အကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ ပြီးတော့ လက်ရှိအနေ အထားမှာ ပြည်သူတွေနဲ့ အကိုတို့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သား ဘဝတုန်းက အကိုတို့က သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။

ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ ကိုယ်က အရင်ကတော့ စစ်သား အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေ ပြီးတော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုတွေ လက်ရှိ အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့်မို့လို့ ဖြစ်လာခဲ့ပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီခုခံ တော်လှန်စစ်ကို ဆင်နွှဲနေကြတာတွေရှိနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးနဲ့ ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန် ထမ်းဆောင်နေရင် ကိုယ်တို့ကို အလိုလိုရန်သူ ဖြစ်နေပြီ။

ကိုယ်တို့ အသက် အန္တရာယ်တွေကလည်း တစ်နေ့တစ်ခြား ပိုပြီး စိုးရိမ်နေရတယ်။ ပြီးတော့လည်း ဆွေမျိုး အသိုင်းအဝိုင်းမှာလည်း စိုးရိမ်ကြောင်းကြောင့် မှုတွေရှိလာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီတိုင်းဆက်နေလို့တော့ မရဘူး။ ပြည်သူဘက်ကိုတော့ ပူးပေါင်းပါဝင်မှ ရမယ်။

ပြည်သူနဲ့ ပူးပေါင်းပါဝင်မှသာလျှင် ဒီဟာက ဒီလိုဖြတ်သန်းရတဲ့ဟာက အချိန်ကာလ တစ်ခု တအားကြီး ဒီတိုင်းပဲ ကြာနေတယ်ဆိုရင် ပြည်သူကလည်း ထပ်ပြီး ဒုက္ခရောက်မယ်။ ကိုယ်တို့ စစ်သားပေါ့။ အရင်တုန်းကတော့ စစ်သားပေါ့။ အကိုတို့ စစ်သားတွေကလည်း ဒီထက်ပိုပြီး ဆိုးကျိုးတွေကို ခံစားနေရဦးမယ်။

သေကြဦးမယ်။ ကြေကြဦးမယ်။ ပြတ်ကြဦးမယ်။ ဒီဟာလေးကိုတော့ အကိုတို့ စဉ်းစားမိတာပေါ့။ များသော အားဖြင့် ကိုယ်တို့ကတော့ ထိခိုက် သေကြေ ပျက်စီးမှု အနည်းဆုံးဖြစ်ချင်တာပေါ့။ အနည်းဆုံးနဲ့ ဒီဟာကို ပြီးသွားစေချင်တာ အဲဒါနဲ့ပဲ CDM လုပ်ဖို့ ဆုံးဖြတ်လာတာပေါ့။


ဗိုလ်ကြီးညီသုတ။ ။ ခုနက တပ်ရင်းမှူးပြောသွားတဲ့အထဲမှာလည်းပါတာပေါ့။ တပ်မတော်ပေါ့။ ပြည်သူလူထုရဲ့ တပ်မတော်။ နိုင်ငံတစ်ခုရဲ့ တပ်မတော်က သူပုန်ပြန်ဖြစ်ပြီး ပြည်သူနဲ့ ပြန်စစ်ပြန်တိုက်ရတာဖြစ်နေတယ်ဆိုတော့ အဲဒီလိုမျိုးခံစားချက်ကို တပ်ရင်းမှူးတို့ Level မှာ သိတဲ့သူရှိလား။ ဆွေးနွေးဖြစ်တာတွေရှိလား။ သူတို့အခြေအနေ က ဘယ်လိုရှိလဲ။ အရာရှိငယ်တွေနဲ့ အခြားအဆင့်တွေရော..။

ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း။ ။ ရှိတာတော့ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းက ဒီအတွေးအခေါ်တော့ ဝင်နေကြတယ်။ ဝင်နေကြတယ်ဆိုပေမယ့် CDM လုပ်ဖို့ကျတော့ အကြောင်းအမျိုးမျိုးပေါ့။ ဟိုဘက်မှာ ချည်နှောင်ထားခဲ့တဲ့ သံယောဇဉ်တရားတွေ၊ မိသားစုတွေပေါ့။ ဒီချည်နှောင်ထားတဲ့ တစ်ဖက်မှာလည်း ရုန်းထွက်လို့မရတဲ့ အနေအထား တစ်ရပ်မှာရှိတယ်။ တစ်ဖက်ကျတော့လည်း CDM လုပ်လာခဲ့ပြီးရင် ရှေ့ရေးတွေကို ဘယ်လိုရပ်တည်ရမလဲ ဒါမျိုးတွေကို စဉ်းစားရတဲ့အပိုင်း တွေလည်းရှိတာပေါ့

စဉ်းစားလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီအောက်မှာ အသက်ပေးသွားလို့ရှိရင် နိုင်ငံတော်အတွက် မွန်မြတ်တယ်လို့ ဂုဏ်ဒြပ်ကြီးမားတယ်လို့ ခံယူပြီးတော့ ရုန်းမထွက်နိုင်တဲ့ စစ်သားတွေလည်းရှိပါတယ်။ စွန့်စွန့်စားစားရုန်းထွက်လာသူတွေလည်းရှိပါတယ်။

ဗိုလ်ကြီးညီသုတ။ ။ ဒီလိုအခြေအနေမှာ စစ်တပ်က ဂုဏ်သိက္ခာမရှိတော့တာကို ရာခိုင်နှုန်း ၆၀ လောက်သိတယ်။ ရုန်းထွက်နိုင်ဖို့ အခက်အခဲဖြစ်နေတာကလည်း အမှန်ပါပဲ။ ဆိုတော့ ကျနော်သိသလောက် နယ်မြေခံတပ်ရင်းမှူးတွေ CDM လုပ်မယ်ဆိုရင် ကျနော်လည်း နယ်မြေခံတွေနဲ့ပတ်သက်ပြီး စုံစမ်းရတာပေါ့။ တပ်ရင်းမှူး တစ်ယောက် CDM လုပ်တယ်ဆိုတာ ကူညီတဲ့သူတွေကလည်း မလွယ်ပါဘူး။

အလွယ်တကူ ယုံလိုက်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ကျနော်တို့ကို ဆက်သွယ်တဲ့သူတိုင်းကို ရာခိုင်နှုန်းပြည့်ယုံကြည်နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ နောက်ကြောင်းတွေ လိုက်ရတယ်။ ဘယ်လို တာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်ခဲ့လဲ။ လယ်လို စိတ်နေစိတ်ထားရှိလဲ။ ဒါတွေ အများကြီးပေါ့။

ဒီလိုမှာလည်း ကျနော်တို့သိထားလည်းရှိတယ်ပေါ့။ NLD အမတ်တွေ၊ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ အမိန့်ပေးခံရတဲ့အခါမျိုးတွေ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တွေမှာ လုပ်ရတာတွေဖြစ်တဲ့အခါ သတိပေးစကားတွေ ကိုယ်က တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းမှူး ဖြစ်တာအခါကျတော့ ရှောင်တိမ်းဖို့ ပြောခဲ့တာလည်း ကျနော်တို့ကြားရတယ်။ အဲဒါက ဟုတ်လား။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ ။ ဘယ်သူဘယ်ဝါ ရယ်လို့ ထုတ်ဖော်မပြောချင်ပါဘူး။ ကိုယ်နဲ့ လက်လှမ်းမီရာကိုတော့ ဒီလို ဒီလိုတွေတော့ ဖြစ်လာနေပြီ။ လက်ရှိ ကာလမှာ ကျနော်တို့အနေနဲ့ကလည်း စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတဲ့အခါမှာ စစ်ကောင်စီရဲ့ အမိန့် တွေက မလွန်ဆန်နိုင်တာတွေကလည်းရှိနေတယ်။ လက်ရှိက မဖမ်းလို့ရှိရင်လည်း ကိုယ့်အတွက် အန္တရာယ်ရှိနေတယ်။ အဲဒီတော့ လက်ရှိအနေအထားမှာ ဘယ်လိုဖြစ်နေတယ်။ လက်ရှိရှောင်နေရင်တော့ အကောင်းဆုံး ပေါ။ ကျနော်တို့လည်း တာဝန်မထမ်းဆောင်နိုင်တော့တဲ့ တစ်နေ့မှာတော့ ထွက်လာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ခံယူထားပြီး ဆိုတာကို ဒါမျိုးတွေကိုတော့ ပြောဖြစ်ပါတယ်။

ဗိုလ်ကြီးညီသုတ ။ ။ ဒါကို နားထောင်နေတဲ့ အရာရှိတွေရော အခြားအဆင့်တွေရော ပြောချင်တာက ဒီလို ပါ။ ကျနော်တို့ကိုယ်တိုင်လည်း စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့အတွက် အမိန့်တွေ လွန်ဆန်နိုင်ဖို့ဆိုတာ ခက်ခဲတယ်။ ခက်ခဲတဲ့အခါကျတော့ ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ပူးပေါင်းပါဝင်လို့ရပါတယ်။

ကိုယ်ဖမ်းရမယ့် လူတွေ၊ ကိုယ့်ကို တာဝန်ပေးလာတဲ့အခါမှာ သတင်းပေးလို့ရတယ်။ ဥပမာ PDF တွေဆိုရင်လည်း ဒီလိုပဲ။ ဥပမာ PDF တွေ ရှိတဲ့စခန်းကို သွားဖို့ရှိတယ်ဆိုရင် အဲဒီဒေသခံတွေကို ဆက်သွယ်ပြီးတော့ သက်ဆိုင်ရာ Page တွေ လည်းရှိတော့ သူတို့ကို သတင်းပေးပြီးတော့မှ လုပ်လို့ရတယ်။ ကိုယ်မှန်း မသိဘဲနဲ့ သတင်းပေးလို့ရတယ်။ ဒီလိုနည်းနဲ့ မလွန်ဆန်နိုင်သေးတဲ့အချိန်မှာ ပြည်သူ့ဘက်ကနေ ရပ်တည်လို့ရတယ်ဆိုတာ ပြောချင်ပါတယ်။

တပ်ရင်းမှူးအနေနဲ့လည်း တပ်ထဲက ဒီလိုတွေ လုပ်ရတယ်ဆိုတာ တော်ရုံတန်ရုံသတ္တိနဲ့မဟုတ်ဘူးဆိုတာ ဒါလည်း အထဲက လုပ်ရတာ ပိုခက်တယ်။ အပြင်ရောက်ပြီးမှ လုပ်ရတာထက်စာရင်။ ကျနော်လည်း အဲဒီ ခံစားချက်ကို ခံစားဖူးတယ်။ အာဏာသိမ်းပြီး ၄၊ ၅ ရက်လောက်နေတော့ တပ်ထဲက သတင်းတွေကိုကျနော်က တာရာဆိုတဲ့ နာမည်နဲ့ တပ်ထဲက အခြေအနေကို ပြောရတာ။ အရမ်းရင်ခုန်ရတယ်။ စိတ်လှုပ်ရှားရတယ်။

ကိုယ်မှန်းသိသွားပြီဆိုရင် သူတို့လက်ထဲမှာ ရှိတာလေ။ ကိုယ်ပါဝင်ပတ်သက်နေရတဲ့ အခြေအနေက တော်တော်လေးတော့ ဒါ နည်းနည်းအကျပ်ရိုက်နိုင်တာပေါ့။ အဲဒီတော့ အခု တပ်ထဲကနေပြီးတော့ ပြည်သူ့တော်လှန်ရေးကို ပေါင်းနေတဲ့သူတွေကို အသိအမှတ်ပြုကြောင်း ပြောချင်ပါတယ်။

ဆိုတော့ တပ်ရင်းမှူး ခံစားမှုအကြောင်းမေးချင်တာ။ တပ်ရင်းမှူးလည်း တပ်ထဲမှာ နေတဲ့အခါကျတော့ ရဲဘော်တွေလည်းရှိတဲ့အခါကျတော့ထုံးစံအတိုင်း ကိုယ့်တပ်ရင်းမှူးဆိုတော့ လေးလေးစားစားနဲ့ ဆက်ဆံကျမှာပဲ။ အားလုံး ဘာပဲဖြစ်ဖြစ် ပစားပေးတာလည်းရှိသလို နှိမ်ချတာလည်းရှိမှာပဲ။ ရာထူးကြီးတဲ့သူက ကိုယ့်ကို နှိမ်ချဆက်ဆံတာရှိတယ်။ အောက်ကလူကတော့ ကိုယ့်ကို ၀တ္တရားအရသော်လည်းကောင်း၊ တကယ်လေးစားလို့သော်လည်းကောင်း ဆက်ဆံတာရှိတယ်။ အဲဒီခံစားမှုပေါ့။

နောက်ပြီးတော့ တပ်မှူးပြောသွားတဲ့အထဲမှာပါတယ်။ကိုယ်က စစ်သားဖြစ်ရတာ မပျော်တော့ဘူး။ ပြည်သူတွေကလည်း မလေးစားတော့ဘူး။ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်းကလည်း မျက်နှာတွေပျက် သိက္ခာတွေကျနေတဲ့အချိန် ဖြစ်လာတဲ့အခါကျတော့ စစ်သားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ စစ်တပ်အပေါ် မြင်နေတဲ့ လူထုရဲ့ အမြင်ကို ဘယ်လိုမျိုး ပိုပြီးနားလည်လာလဲ။ အထဲမှာတော့ ဖုန်းသတင်းတွေ သိနေရတယ်။ အပြင်ရောက်လာတဲ့အခါကျတော့ ဘယ်လိုပိုပြီးတော့ နားလည်လာလဲ။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ ။ ဘယ်လိုပြောရမလဲဆိုတော့ စစ်ကောင်စီကတော့ သူ့အာဏာ တည်မြဲရေးအတွက် လုပ်စရာရှိတာကို ဆက်လုပ်နေမှာပဲ။ ဆက်လုပ်နေမှာဆိုတော့ တစ်ဖက်တစ်လမ်းက ပြည်သူအနေနဲ့ကလည်း လုပ်စရာ ရှိတာကို ဆက်လုပ်နေတာဆိုတော့ အစွန်းနှစ်ဖက်ကိုတော့ နင်းနေကြရတာပေါ့။ နင်းနေကြတဲ့ အချိန်မှာ ကိုယ့်အသက်အန္တရာယ်နဲ့ ကိုယ်ရှေ့လျှောက်ရမယ့် လမ်းကြောင်းအတွက်ကတော့ ကိုယ့်ဟာကိုယ် ရွေးချယ်မှုတစ်ခုအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အချိန်ကိုရောက်နေပြီ။ တပ်ထဲမှာရှိတဲ့ အသိုင်းအဝိုင်းကို ပြောချင်တာကတော့ ရွေးချယ်ရမယ့် အချိန်တော့ ရောက်နေပါပြီ။

ရောက်နေပြီဆိုတာက စစ်ကောင်စီအောက်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်မှာလား။ ထမ်းဆောင်ချင်တယ်ဆိုလို့ရှိရင်လည်း တိုက်တွန်းတာတွေ မတိုက်တွန်းတာတွေကတော့ တစ်ပိုင်းပါ။ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် လုံး၀ စိတ်ဒုန်းဒုန်းချရမယ့်အချိန်။ ဒါမှမဟုတ်ဘူး။ ပြည်သူဘက်ကို ရပ်တည်မယ်ဆိုရင်လည်း အချိန်ကတော့ တော်တော်လေးကို နှောင်းနေပြီလို့လည်း ပြောရမလိုပဲ။ ဒီအချိန်ကတော့ အသင့်တော်ဆုံးအချိန်လို့ပဲ ပြောရမယ်။

ဗိုလ်ကြီး ညီသုတ။ ။ မှန်ပါတယ်။ မှန်ပါတယ်။ ကာလအဖြစ်ကတော့ ကြာလာပြီ။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ ။ ဒီအတိုင်းရေရှည်ဆက်သွယ်ရင်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးဆိုတာတော့ ခံစားမိတာပေါ့။

ဗိုလ်ကြီးညီသုတ။ ။ တချို့တော့ တပ်ထဲမှာ စစ်တပ်ကို အရမ်းချစ်တယ်။ စစ်တပ်အတွက်ပဲ အလုပ်လုပ်မယ်ဆိုတဲ့ လူကတော့ ထုံးစံအတိုင်း ရာခိုင်နှုန်း တစ်ခုကတော့ရှိမှာပဲ။ အဓိက တချို့တွေကတော့ စစ်တပ်ကိုလည်း မလွန်ဆန်နိုင်ဘူး။ ကိုယ့်စိတ်ထဲမှာလည်း ပြည်သူကို ပူးပေါင်းချင်တယ်။

ထွက်လည်း ထွက်မလာနိုင်ဘူး။ အဲဒီလို လူတွေကလည်း အများကြီးပဲ ကျနော့်သူငယ်ချင်းတွေထဲမှာ။ သူတို့ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုတဲ့အကြောင်းပြောလိုပါတယ်။ အခုဆိုရင် တပ်ရင်းမှူးအဆင့်လောက်ထွက်လာပြီ။ ကိုယ့်အဆင့်က ဗိုလ်ကြီး၊ ဗိုလ်မှူး၊နဲ့ အခြားအဆင့်တွေ ဖြစ်နေမှတော့ အရမ်းကြီးအဲဒီလောက်ကြီးတောင် စဉ်းစားစရာမလိုတဲ့ အနေအထားပေါ့။ ဒါလည်းမှန်ပါတယ်။

တပ်ရင်းမှူး ထွက်လာခဲ့ပြီးတော့ NUG က တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံပြီးတော့ တပ်ရင်းမှူးကိုယ်တိုင်လည်း ပြည်သူ့တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီဆိုတော့ ပြည်သူအတွက် ဆက်လုပ်သွားမယ်ဆိုတော့ ပြည်သူဘက်ကရော ပြည်သူကိုရော ဘာကို ပြောချင်လဲ။ ဘယ်လိုအားပေးစကားပြောချင်လဲ။

ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း။ ။ ပြည်သူကိုတော့ ပြောချင်တဲ့စကားကတော့ အားမလျော့ပါနဲ့။ ကိုယ်လျှောက်မယ့် လမ်းကြောင်းကို ရွေးချယ်ပြီးတော့ ဆက်လျှောက်ပါ။ တစ်ချိန်ချိန်မှာတော့ ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ တစ်ချိန်ချိန်ဆိုတာကတော့ အချိန်ကာလ အတိုင်းအတာတစ်ခုအထိတော့ ကြာကောင်းကြာနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ စိတ်စွမ်းအားနဲ့ ပြည်သူတွေရဲ့ ခံစားချက် ပြင်းထန်မှုနဲ့ သေချာပေါက်တော့ ပြည်သူတွေ လိုချင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်မယ်ဆိုတာကိုတော့ ပြောရဲပါတယ်။

ဗိုလ်ကြီးညီသုတ။ ။ အခု တပ်ရင်းမှူးလည်း နွေဦးတော်လှန်ရေးမှာ စပြီးတော့မှ တတ်နိုင်တဲ့ဘက်နေ ပူးပေါင်း ပါဝင်ပြီတတ်နိုင်တဲ့ဘက်က အများကြီးလုပ်ပြီဆိုတော့ ဒီလိုပဲ အခြား အထဲမှာရှိနေတဲ့ တပ်ရင်းမှူးအဆင့်ရော ပိုကြီးတဲ့အဆင့်ရော ဒီထက်ကြီးတဲ့အဆင့်ရော သူတို့ကိုလည်း ကျနော်တို့ ပိုပြီးတော့ ပါဝင်စေချင်ပါတယ်။ ဆိုတော့ ဒါက နောက်ဆုံးမေးခွန်းပါ။ တပ်ရင်းမှူးအနေနဲ့ CDM လုပ်လာပြီးတော့ ဘ၀က လုံး၀ပြောင်းသွားတယ်။ ဥပမာ ကျနော်တို့ဆိုလို့ရှိရင် ကိုယ့်ဘ၀ ကိုယ်ပိုင်တယ်။ လွတ်လပ်မှုကိုပိုင်တယ်။ ဂုဏ်သိက္ခာပြန်ရတယ်လို့ ခံစားရတယ်။

ဒါတွေက ကျနော်တို့အတွက် အကြီးမားဆုံး ဆုလာဘ်တွေပဲ။ စစ်တပ်ထဲမှာရှိတဲ့ ရာထူးတွေ အပွင့်တွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ခံစားရတယ်။ အဲဒီတော့ တပ်ရင်းမှူးအနေနဲ့ CDM လုပ်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ CDM လုပ်ပြီး ရရှိခဲ့တဲ့ ဂုဏ်ဒြပ်တွေဖြစ်မလဲ။ ဘယ်လိုအရာတွေက တပ်ရင်းမှူး CDM လုပ်ရတာကို ကျေနပ်စေတဲ့အရာတွေဖြစ်မလဲ။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ ။ ပြောချင်တာကတော့ အဓိက ပြည်သူပေါ။ ပြည်သူက ပို့သတဲ့မေတ္တာတွေ ခံစားရတယ်။ ခံစားရပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူ့ဘက်မှာ ပူးပေါင်းပါဝင်လာတာဖြစ်တဲ့အတွက် ပြည်သူကတော့ စိတ်အားတက်ကြွသူလည်းရှိတယ်။ တချို့အမြင်စောင်းပြီး ပြောတဲ့သူလည်းရှိရင် ရှိမှာပေါ့။ ဒီကောင်ခေတ်ပျက်နေလို့ စစ်တပ်ကနေ အခွင့်အရေးလိုချင်လို့ ထွက်လာတယ် ဘာညာပေါ့။ ပြောတဲ့သူလည်းရှိကောင်းရှိမှာပေါ့။

ဘာပဲဖြစ်ဖြစ်‌ သေသွားခဲ့တယ်ဆိုရင်တောင်မှ အမုန်းတရားတွေနဲ့ မသေရတော့ဘူး။ လက်ရှိ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်ရင်တော့ စစ်ခွေးတွေ သေတာနည်းသေးတယ်။ ပြတ်တာနည်းသေးတယ် ဒီလိုမျိုး ဟာတွေမကြုံရတော့ဘူးပေါ့။ အသက်၀၀ရှုရပြီးတော့ ကိုယ်တို့ ဘယ်လိုပြောမလဲ ပြည်သူရဲ့ အမုန်းတရားကိုတော့ မခံစားရဘူးဆိုတာ ပြောချင်တယ်။

ဗိုလ်ကြီးညီသုတ။ ။ ဒါတောင်မှ တပ်ရင်းမှူးက လုံခြုံရေးအရ လုံခြုံတဲ့နေရာ ရောက်ဖို့ အချိန်ကာလ တစ်လကျော်လောက် တိတ်တဆိတ် လျှို့ဝှက်နေရတာဆိုတော့ လူအများကြီးနဲ့မတွေ့ရသေးဘူး။ အဲဒီတော့ ပြည်သူရဲ့ မေတ္တာအများကြီးမရသေးဘူးပေါ့။ ဒီဗီဒီယိုတွေသာ ထွက်ပြီးတဲ့အချိန်ကျရင် ပိုပြီးတော့ ရလာမှာပေါ့။ ကျနော်တို့ဆိုလို့ရှိရင် တစ်နှစ်ကျော်သွားပြီ။

ကိုယ့်ရဲ့ ပြည်တွင်းပြည်ပ ဟာတွေပေါ့ အများကြီးပဲ။ အဲဒီဟာတွေရလာလို့ရှိရင် တပ်ရင်းမှူး ကျနော်ထင်တယ်။ နောက်တစ်လ နှစ်လလောက်ကျလို့ရှိရင် အရသာ အဲဒီတန်ဖိုးကို ပိုပြီးတော့ သိမှာပေါ့။ အခုအချိန်တောင်မှ တပ်ရင်းမှူး ဒီလို ပြည်သူဘက်ကို ရပ်တည်တယ်ဆိုတာ သိတာနဲ့တင် တပ်ရင်းမှူးရဲ့ သူငယ်ချင်းတွေဆွေမျိုး အပေါင်းအသင်းတွေ အကုန်လုံးက လုံး၀ ဂုဏ်ယူနေမှာ အသေအချာပဲဗျ။

ဗိုလ်ကြီးညီသုတ။ ။ တပ်ရင်းမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေဆဲ ကိုယ့်ရဲ့ စီနီယာတွေ ဂျူနီယာတွေ၊ လက်အောက်ငယ်သားတွေကို ဘာတွေ တိုက်တွန်းစကားပြောချင်လဲ။

ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း။ ။ ရဲရဲကြီးဆုံးဖြတ်ပါ။ စောစောက ကိုယ်ပြောခဲ့တဲ့ လမ်းကြောင်းနှစ်ခု အစွန်းနှစ်ဖက် ကိုတော့ နင်းနေတာ သေချာပြီ။ ကိုယ်က ဘယ်လမ်းကြောင်းကို ဆုံးဖြတ်မလဲ ဘာလုပ်ရမယ်ဆိုတာကိုတော့ ရဲရဲကြီး ဆုံးဖြတ်လိုက်ပေါ့။ တစ်ဖက်မှာလည်း လက်ကမ်းကြိုနေတဲ့ ပြည်သူတွေ အဆင် သင့်ရှိပါတယ်ဆိုတာတော့ ပြောချင်ပါတယ်။ နွေးထွေးတဲ့ ခံစားချက်ပေးမယ့် ပြည်သူတွေ လက်ကမ်းကြိုနေတဲ့ ပြည်သူတွေ ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article