25 C
Yangon

ကွမ်းခြံကုန်းတွင် စစ်တပ်က မြို့နယ်အတွင်းသွားလာခွင့်ထောက် ခံစာ အတင်းအကျပ်လုပ်ခိုင်းပြီး ငွေတောင်း

Must read

ရန်ကုန် ၊ မတ် ၂၁

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်ကျော် မြို့နယ်တွင်းသွားလာခွင့် ထောက်ခံစာဟူ၍ ပြည်သူများကို အတင်းအကျပ် ပြုလုပ်ခိုင်းနေပြီး တစ်စောင်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ကောက်ခံနေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့နေလည်း လုပ်ရတယ်။ ဈေးမှာတို့ မြို့လယ်တို့မှာ မထင်ရင် မထင်သလို စစ်တယ်။ တစ်စောင် ၅၀၀ ၊ ၁၀၀၀ ဆိုတော့ တွက်ကြည့်လေ ဘယ်နည်းမတုန်း တစ်မြို့လုံးစာဆို အုပ်ကြီးတွေနဲ့ ပေါင်းကြိတ်ကြဖို့ ထင်တာပဲ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ် တစ်မြို့တည်းသာ လုပ်ဆောင်နေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်မြို့များတွင် ထိုသို့ လုပ်ဆောင်နေသည်ကို မကြားသိရကြောင်း၊ ကွန်းခြံကုန်း တာဝန်ကျ အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းကားနေခြင်းဟု သုံးသပ်မိကြောင်း၊ မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား အိမ်ရှိလူအကုန် ထောက်ခံစာလုပ်ဆောင်ရန် လော်စပီကာဖြင့် လိုက်ကြေညာနေကြောင်း၊ မြို့နယ်အတွင်း သွားလာသည့်အခါ အမြဲယူဆောင်သွားရန် ပြောကြားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article