25 C
Yangon

ပခုက္ကူတွင် စစ်ကောင်စီ စစ်ကားနှင့် တပ်စခန်းများ ဝင်ရောက် တိုက်ခိုက်ခံရကာ စစ်သား ၆ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း ပခုက္ကူမြို့န် ဂဝံလေးတိုင် ကျေးရွာနှင့် ဆီကောင်း-ဂဝံလေးတိုင် လမ်းပိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားနှင့် တပ်စခန်းတို့ကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF)နှင့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ မတ်လ ၂၁ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုင်ခြင်း၊ ဝင်ရောက် တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရသည်။

ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၃ဝခန့်ရှိသော ခြေလျင်စစ်ကြောင်းကို PPDF တပ်ဖွဲ့၊ Myint Chay-Kyun Chaung Defense Force MC-KCDF၊ King Fighterနှင့် ပေါက်မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အချိန် ၁နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ် ဆီကောင်း-ဂဝံလေးတိုင် လမ်းပိုင်းတွင် ဂဝံလေးတိုင်ရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များထံ စစ်ကူလာသည့် စစ်ကားကို ဒေသခံကာကွယ် ပူးပေါင်းတပ်ဖွဲ့က ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ၌ စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း PPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article