25 C
Yangon

တကောင်းဆေးရုံမှ စစ်ဆေးဆရာဝန်နှင့်လုံခြုံရေးအစောင့်ရဲတပ်ကြပ်လိုက်ပါသော ကား မိုင်းဆွဲခံရပြီး သေဆုံး ၊ ဆားလင်းကြီး၊ ရွှေတောင်ဦးကုန်းတွင် စစ်တပ် မိုင်းဆွဲခံရပြီး အများအပြားသေ၊ ရွာ ၄ ခုကို စစ်တပ်က ဝင်စီးပြီး မီးရှို့

Must read

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တကောင်းဆေးရုံမှ စစ်ဆရာဝန်တစ်ဦး ယနေ့ တရုတ်နီကယ်စက်ရုံသို့ အသွား လမ်းတွင် မိုင်းဆွဲခံရပြီး အတူလိုက်ပါလာသော ရဲတပ်ကြပ်သာစိန် နှင့် စစ်ဆရာဝန် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“တကောင်းဆေးရုံ စစ်ဆရာဝန် နီကယ်စက်ရုံဘက်ကိုအသွား မိုင်းဆွဲခံရပြီး ရဲသာစိန်လည်းသေတယ်။ နှစ်ယောက်သေပါတယ်။ မောင်းကုန်း PDF ၊ Tg Pdf တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မောင်းကုန်းကျေးရွာအနီးဆွဲမိုင်း ၈ လုံး ဆင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ဆေးဆရာဝန် လိုက်ပါသော မက်ခ်တူးယာဉ် မိုင်းဆွဲမှုကြောင့် ပျက်စီးပြီး စစ်ဆေးဆရာဝန်နှင့်ရဲတပ်ကြပ်သေဆုံးသွားကြောင်း၊ ယင်းနောက် မိုင်းဆွဲမှုကို လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်များကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိပြီး ၂ ဦးမှာ သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

အလားတူ ဆာလင်းကြီးမြို့နယ်၊ ရွှေတောင်ဦးကုန်းပေါ်မှ ဆင်းလာသော စစ်ကောင်စီတပ်ကို ယနေ့တွင် Regional Friend Fighter အဖွဲ့၊ အမိမြေတော် လှန်ရေး အဖွဲ့၊ Revolution Youth Group သုံးဖွဲ့ပေါင်းပြီး မိုင်းအလုံး၂၀ ဆွဲလိုက်ရာ စစ်သားများ သေဆုံးမှုရှိခဲ့ပြီး အတိအကျ မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခု ထန်းတောကြီးရွာ၊ ရွာသာရွာ၊ ပေကုန်းရွာ၊ ကျေးစာကျ ရွာတွေကို စစ်ခွေးတွေ ဝင်ရောက်မွှေနှောက် မီးရှို့နေပါတယ်။ လက်နက်ကြီးတွေနဲ့လည်း ရမ်းပစ်နေတယ်။ ပြည်သူတွေက အကုန်ရှောင်ပြေးနေတော့ ထိခိုက်တာတော့မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article