ရန်ကုန်| မတ် ၂၃
တိုက်ပွဲတွေအတွင်း သေဆုံးတဲ့ စစ်ကောင်စီတပ် အရာရှိတွေရဲ့ ရာထူးအဆင့် အဆောင်အယောင် တံဆိပ်တွေ တပ်ဆင် နာမ်နှိမ်ထားတဲ့ PDF ဖိနပ်တစ်ရံ ကျပ်သိန်း ၃၂၀ ကျော်နဲ့ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၁၈၅၀၀ နဲ့ လေလံအောင် ပြီးစီးသွားပြီလို့ ဦးဆောင်ပြုလုပ်နေတဲ့ မပန်ဆယ်လိုက ဖော်ပြပါတယ်။
အမေရိကန်ဒေါ်လာ ၁၈၅၀၀ ကို မတ်လ ၂၂ ရက် ဒေါ်လာပေါက်ဈေး ၁၇၇၈ ကျပ်နဲ့တွက်ရင် မြန်မာကျပ်ငွေ ကျပ် ၃၂,၈၉၃,၀၀၀ ညီမျှပါတယ်။
“စစ်ကောင်စီ(မူရင်း စစ်ခွေး) ပုခုံးပေါ်က တန်ဖိုးမရှိတဲ့ အစိတွေဟာ ဖိနပ်လို နေရာမှန်ကို ရောက်တဲ့အခါ ပြည်သူရဲ့ အမုန်းတရားနဲ့ ပေါင်းစပ်ပြီး $18500 တန်ဖိုးရှိ PDF ဖိနပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ။” လို့ ဖော်ပြပါတယ်။
အဲဒီ နာမ်နှိမ်လေလံက ရရှိတဲ့ငွေကြေးတွေကို ကာယကံရှင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ တပ်သားအတွက် စစ်အာဏာရှင်စနစ် တော်လှန်ရေး ခွန်အားဖြစ်စေဖို့ လက်နက်ခဲယမ်းတပ်ဆင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
နာမ်နှိမ်လေလံပွဲကို လူမှုကွန်ရက် အကောင့်တုပေါင်းစုံနဲ့ ဝိုင်းဝန်းနှောက်ယှက်နေတဲ့ကြားက အကောင်းဆုံး ဖြတ်ကျော်ဖန်တီးနိုင်ခဲ့ပြီး လေလံဝင်ဆွဲပေးကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်တယ်လို့ မပန်ဆယ်လိုက ဖော်ပြပါတယ်။