25 C
Yangon

CDM ဆရာဝန်တွေကို ထပ်ပြီး ဖိနှိပ်ဖမ်းဆီးရင် အသက်ကို အာမမခံတော့ဘူးလို့ ဒေါက်တာခင်ခင်ကြီးကို မှော်ဘီတော်လှန်ရေး အင်အားစု သတိပေး

Must read

ရန်ကုန်| မတ် ၂၃

လူထုအာဏာဖီဆန်မှု CDM ပါဝင်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဖိနှိပ် ဖမ်းဆီးဖို့ ပြင်ဆင်ကြိုးပမ်းနေတာတွေ မရပ်တန့်ဘူးဆိုရင် အသက် အိုးအိမ်ကို အာမ မခံဘူးလို့ မှော်ဘီတော်လှန်ရေး အင်အားစုက ဒေါက်တာခင်ခင်ကြီးကို သတိပေးထုတ်ပြန်ပါတယ်။

ဒေါက်တာခင်ခင်ကြီးဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM မပါဝင်ဘဲ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဆက်လက်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးဖို့၊ဖိနှိပ်ဖို့ တင်းတင်းကျပ်ကျပ် စစ်ဆေးကိုင်တွယ်နေတယ်ဆိုတာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

” ဒေါက်တာခင်ခင်ကြီး ပြုလုပ်နေတဲ့ ကိစ္စတွေပြုလုပ်ပြီးလည်း ဖြစ်တယ်။ ဒါကြောင့် နောက်နောင် ခင်ခင်ကြီးဆိုတဲ့ လူစိတ်မရှိတဲ့ ဆရာဝန်မအနေနဲ့ မိမိလုပ်ရပ်တွေအတွက် အကျိုးတုံ့ပြန်မှုကို ထပ်တူခံစားစေရမယ်” လို့ မှော်ဘီတော်လှန်ရေးအင်အားစုက သတိပေးဖော်ပြပါတယ်။

မှော်ဘီတော်လှန်ရေး အင်အားစုဟာ ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ် (ဗဟန်း) နဲ့အတူ အခြား မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စစ်ကောင်စီယန္တရား တိုက်ခိုက်မှုတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ တော်လှန်ရေး အင်အားစုတစ်ခုဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article