25 C
Yangon

ဒလ၊ သမ္မတကမ်းခြေ အပါအဝင် မြေယာကိစ္စနောက်ဆက်တွဲ ရန်ကုန်မြို့ တော်ဝန်နှင့်စည်ပင်ဝန်ကြီး ဘိုဌေး နှင့် စည်ပင်အရာရှိတချို့ အဖမ်းခံရ ၊ အဂတိတိုက်ဖျက်ရေး ပုံရိပ်ကောင်းတည်ဆောက်ရန် မင်းအောင်လှိုင် သူ့လူသူ ထိုးကျွေးဟုဆို

Must read

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်တိုင်း ဒလ၊ သမ္မတကမ်းခြေ မြေယာချထားပေးမှု အပါအဝင် မြေယာကိစ္စနောက်ဆက်တွဲ ရန်ကုန်မြို့တော်ဝန် ဘိုဌေးနှင့် စည်ပင်အရာရှိတချို့ ယမန်နေ့က အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး အောင်သန်းဦး ဖမ်းဆီးခံရချိန် တပြိုင်နက်တည်း စည်ပင်ဝန်ကြီး မြို့တော်ဝန်ဘိုဌေး၊ စည်ပင်အရာရှိတချို့ပါ တစ်ဆက်တည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်များအရ ဒလ သမ္မတကမ်းခြေ မြေယာချထားမှုတွင် ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်း၏ သားနှင့်သမက်ကို မြေယာများ စျေးပေါပေါဖြင့် ချထားပေးမှု၊ အခြားလုပ်ငန်းရှင်များကိုလည်း မြေယာချထားပေးမှုများကြောင့် ဝန်ကြီးချုပ်ဟောင်း လှစိုး၊ ဝန်ကြီး အောင်သန်းဦး၊ စည်ပင်ဝန်ကြီး ဗိုလ်ဌေး၊ စည်ပင်အရာရှိတချို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်သတင်းရင်းမြစ်ကမူ မင်းအောင်လှိုင်သည် ၎င်းအာဏာသိမ်းထားစဉ်ကာလအတွင်း မည်သည့် အောင်မြင်မှု မရှိသည့်အတွက် အဂတိတိုက်ဖျက်ရေး လုပ်ဆောင်သည်ဆိုသော ပုံရိပ်ကောင်းကို တည်ဆောက်ရန် သူ့ခန့်ထားသည့် သူ့လူများကို ပြန်လည် ဖမ်းဆီး ပြသည့်သဘောသာဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တော်ဝန် ဘိုဌေး ပြည်ထောင်စုနေ့ အလံသယ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article