25 C
Yangon

သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကွင်းကလေးရွာရှိ ဆယ်ကျော်သက်အမျိုးသမီး ၁ ဦး ခေါင်းပွင့် သေဆုံး၊ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၅) တပ်ရင်းက ယနေ့ မတ်လ ၂၄ ရက် နံနက်အစောပိုင်းတွင် အပြင်ကွင်းကလေး ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၁ လုံး ထိမှန်ကာ ဆယ်ကျော်သက်အမျိုးသမီး ၁ ဦး ဦးခေါင်းပွင့် သေဆုံးကာ အခြား ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“မနက် အစောပိုင်းကတည်းက လက်နက်ကြီးနဲ့ ထုနေတာ၊ တိုက်ပွဲမဖြစ်ဘူး၊ လက်နက်ကြီးနဲ့ နားနားပြီး ထုနေတာ။ အခု အိမ် ၅ လုံး ထိပြီး ပျက်စီးတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီးရှိ ကွင်းကလေးကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ရှိနေကြောင်း အခြားဒေသခံများက ပြောဆိုနေကြပြီး တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊ မရှိကို ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆက်သွယ်လျှက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article