28 C
Yangon

မင်းအောင်လှိုင် အပါအဝင် ၆၁ ဦးကို ပြည်သူများကို ရည်ရွယ်ချက်ရှိစွာဖြင့် သတ်ဖြတ်မှုများအတွက် စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights က ထုတ်ပြန်၊ စစ်ရာဇဝတ်ကောင် ၆၁ ဦး နာမည်စာရင်း ဖော်ပြ

Must read

ရန်ကုန်၊ မတ် ၂၅

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၆၁ ဦးကို မြန်မာပြည်သူများကို ရည်ရွယ်ချက်ရှိစွာဖြင့် သတ်ဖြတ်မှုများအတွက် စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights က အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က အရပ်သားများကို တမင်သတ်ဖြတ်မှုများကို သက်သေများနှင့်တကွ ဝေဖန်ထောက်ပြထားသော အစီရင်ခံစာFortify Rights က ထုတ်ပြန်လိုက်ပြီး ယင်းအစီရင်ခံစာတွင် မင်းအောင်လှိုင် အပါအဝင် စစ်ဘက်အရာရှိများ၊ ရဲ အရာရှိကြီးများ စုစုပေါင်း ၆၁ ဦးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးသင့်သည်ဟု ဆိုသည်။

Fortify Rights နှင့် Yale Law School ရှိ Schell Center for International Human Rights တို့မှ ပူးပေါင်းရေးသားထားသော Nowhere is Safe အမည်ရ အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ခြောက်လအကြာတွင် ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အရပ်သားများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က တမင်တကာ သတ်ဖြတ်ခဲ့ကြောင်း၊ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ချမှု၊ ပြန်ပေးဆွဲမှု ၊ အစုလိုက်အပြုံလိုက် လူများ ပြောင်းရွှေ့စေမှုများ စသည့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို စစ်တပ်က ကျူးလွန်ကြောင်း ထောက်ပြထားသည်။

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေကို တွေ့ရှိခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ အပါအဝင် ကျူးလွန်သူကို စုံစမ်းစစ်ဆေးပြီး တရားစွဲဖို့ အလားအလာရှိတဲ့ အကြီးတန်း အရာရှိ ၆၁ ဦးကိုလည်း အမည်စာရင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုဟာ အလွန်လိုအပ်နေပြီး ဒီအစီရင်ခံစာဟာ အနာဂတ် စုံစမ်းစစ်ဆေးမှုတွေအတွက် အခြေခံတွေ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Schell Center ၏ အစီရင်ခံစာရေးသားသူတဦးဖြစ်သည့် Roger Polack က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများက လူထုဆန္ဒပြပွဲများဖြင့် စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြကြပြီး စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို သေစေလောက်သည့် အင်အားသုံး ထိုးစစ်ဆင်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်ကြောင်း၊ နိုင်ငံရေးသမားများကို ဖမ်းဆီးပြီး မီဒီယာများကိုလည်း ဖြိုခွဲခဲ့ကြောင်း သိရှိရသည်။

ဆရာဝန်များ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများ အပါအဝင် မျက်မြင်သက်သေ ၁၂၈ ဦး၏ ထွက်ဆိုချက်များအရ စစ်တပ်က အရပ်သားများကို စနိုက်ပါ ကျည်ဆန်များ အသုံးပြု၍ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အများစုမှာ ဦးခေါင်းနောက်စေ့ကို ကျည်ဆည်ထိမှန်၍လည်းကောင်း၊ ကျောဘက်သို့ ပစ်ခတ်ခံရပြီး နှလုံး ကျည်ထိမှန်၍ လည်းကောင်း သေဆုံးကြကြောင်း သိရှိရသည်။

စစ်တပ်သည် ၎င်းတို့၏အုပ်ချုပ်မှုကို ဆန့်ကျင်သူများကြား အကြောက်တရားရှိလာစေရန်နှင့် တမင်တကာ ကြောက်ရွံ့လာစေရန် မူဝါဒချမှတ်၍ ဆန္ဒပြသူများကို ရည်ရွယ်ချက်ရှိစွာ သတ်ဖြတ်ရန် စနိုက်ပါသမားများကို အသုံးပြုခဲ့ကြောင်း စစ်ပြေးများက Fortify Rights နှင့် Schell စင်တာသို့ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် လူပေါင်း ၁၄၀ ခန့် သေဆုံးခဲ့ပြီး နောက်တစ်နေ့တွင် စစ်တပ်ဝါဒဖြန့် မီဒီယာများက ဆန္ဒပြသူများအတွက် ဆိုးရွားသောသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဦးခေါင်းနှင့်နောက်ကျောကို ကျည်ဖြင့်ပစ်ခတ်ခံရနိုင်သည်ဟု အတိအလင်းပြေဆာိုထားသ်။

အစီရင်ခံစာတွင် ပြည်သူများကို သတ်ဖြတ်သည့် ရာဇဝတ်မှုများ ကျူးလွန်ရန် စစ်သားများကို ညွှန်ကြားထားသည့် အတွင်းရေးမှတ်စုများ အပါအဝင် အခြားသော ပေါက်ကြားလာသော စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ ကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်တပ်ရဲ့ ဖြိုခွင်းမှုဟာ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တယ်လို့ သံသယတွေကို ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။စစ်တပ်ရဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေလို့ ခေါ်သင့်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် လူနေထူထပ်သောနေရာများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများအသုံးပြုကာ လူ့အသက်ကို ထင်ရှားစွာ လျစ်လျူရှုကြောင်း ပြသခဲ့ကြောင်း ၎င်းကဆိုသည်။

Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith က ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်၏ သတ်မှတ်ဆုံးဖြတ်ချက်နှင့်အတူ ကြာသပတေးနေ့ အစီရင်ခံစာတွင်လည်း စစ်တပ်အပေါ် ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများ နိုင်ငံတကာက လုပ်ဆောင်သင့်သည်ဟု ထောက်ပြထားသည်။

အစီရင်ခံစာတွင် ကုလသမဂ္ဂက မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု တားမြစ်ရေး အပါအဝင် အကြံပြုချက် ၂၈ ချက် ပါ၀င်ပြီး နိုင်ငံတကာအနေဖြင့် အတိုက်အခံများနှင့် ရွေးကောက်ခံ နိုင်ငံရေးသမားများက ဖွဲ့စည်းထားသော အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရနှင့် မြန်မာနိုင်ငံ ပြည်သူများကို ကိုယ်စားပြုသည့် နိုင်ငံရေးသမားများနှင့် ထိတွေ့ဆက်ဆံရန်လည်း‌ ထောက်ပြထားသည်။

မြန်မာပြည်သူများကို သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်ကောင် ၆၁ ဦး
=====================================

၁- မင်းအောင်လှိုင် (တပ်ချုပ်)
၂- စိုးဝင်း (ဒုတပ်ချုပ်)
၃- မောင်မောင်အေး ( ဗိုလ်ချုပ်ကြီး)
၄-မြထွန်းဦး (ကာကွယ်ရေးဝန်ကြီး)
၅-တင်အောင်စန်း(ဆက်သွယ်ရေးဝန်ကြီး)
၆- မောင်မောင်ကျော်( စစ်ကောင်စီအဖွဲ့ဝင်)
၇-မိုးမြင့်ထွန်း(စစ်ကောင်စီအဖွဲ့ဝင်)
၈-အောင်လင်းဒွေး(စစ်ကောင်စီ အတွင်းရေးမှူး)
၉-ရဲဝင်းဦး(စစ်ကောင်စီတွဲဘက်အတွင်းရေးမှူး)
၁၀-မိုးအောင်(ရေချုပ်)
၁၁- တေဇကျော်(ကစထမှူး ၁ )
၁၂-အောင်ဇော်အေး(ကစထမှူး ၂)
၁၃-ဘုန်းမြတ်(ကစထမှူး ၃ )
၁၄-အောင်စိုး(ကစထမှူး ၄)
၁၅-သက်ပုံ(ကစထမှူး ၅)
၁၆- သန်းလှိုင်(ရဲချုပ်နှင့်ပြည်ထဲရေးဒုဝန်ကြီး)
၁၇-စိုးထွဋ်(ပြည်ထဲရေးဝန်ကြီး)
၁၈-ထွန်းထွန်းနောင် (နယ်စပ်ရေးရာဝန်ကြီး)
၁၉-မြင့်နွယ်(ကာကွယ်ရေးဒုဝန်ကြီး)
၂၀-သန်းထွဋ်(နယ်စပ်ဒုဝန်ကြီး)
၂၁-စိုးတင့်နိုင်(စစ်ကောင်စီရုံး ဒုဝန်ကြီး)
၂၂-ဇော်မင်းထွန်း(ပြန်ကြားရေးဒုဝန်ကြီး)
၂၃- လူမွန်(ဆက်သွယ်ရေးဒုဝန်ကြီး)
၂၄-အောင်ဝင်းဦး(ရဲချုပ်)
၂၅-အောင်အောင်(ဒုရဲချုပ် ၁ )
၂၆-အောင်နိုင်သူ(ဒုရဲချုပ်)
၂၇-ဇော်ထွန်းအောင်(ရဲကွပ်ချုပ်)
၂၈-မြသက်ဦး(မြောက်ပိုင်းတိုင်းမှူး)
၂၉-ဖြိုးသန်း(နမခတိုင်းမှူးဟောင်း)
၃၀-ကိုကိုဦး (အလယ်ပိုင်းတိုင်းမှူး)
၃၁-လှမိုး(အရှေ့မြောက်တိုင်းမှူး)
၃၂-နိုင်နိုင်ဦး(တိုင်းမှူး)
၃၃-နေလင်းအောင်(အရှေ့ပိုင်းတိုင်းမှူး)
၃၄-မျိုးမင်းထွန်း(တြိဂံတိုင်းမှူး)
၃၅-ထင်လတ်ဦး(အနောက်ပိုင်းတိုင်းမှူး)
၃၆-အောင်အောင်(အနောက်တောင်တိုင်းမှူး)
၃၇-မျိုးဝင်း(တောင်ပိုင်းတိုင်းမှူး)
၃၈-ကိုကိုမောင်(တိုင်းမှူး)
၃၉-စောသန်းလှိုင်(တိုင်းမှူး)
၄၀-ညွှန့်ဝင်းရွှေ(ရန်ကုန်တိုင်းမှူး)
၄၁-ဇော်မျိုးတင်(နေပြည်တော်တိုင်းမှူး)
၄၂-မြဝင်း(ရဲတပ်ဖွဲ့ ခေါင်းဆောင်-သတင်း)
၄၃-ကြည်လင်း (အမှတ် ၁ ရဲတပ်ဖွဲ့)
၄၄-ဝင်းမင်းသိန်း(အမှတ် ၂ ရဲတပ်ဖွဲ့)
၄၅-ဝင်းဘို( အမှတ် ၃ ရဲတပ်ဖွဲ့)
၄၆-မြဝင်း(အမှတ် ၄ ရဲတပ်ဖွဲ့)
၄၇-မျိုးမင်းထိုက်(ရန်ကုန်ရဲတပ်ဖွဲ့)
၄၈-တင်ကိုကို (ရှမ်းရဲတပ်ဖွဲ့)
၄၉-ကိုကိုလွင်(နေပြည်တော်ရဲတပ်ဖွဲ့)
၅၀-ဉာဏ်မြင့်ကျော်(ကချင်ရဲတပ်ဖွဲ့)
၅၁-မျိုးဆွေ(ကယားရဲတပ်ဖွဲ့)
၅၂-သန်းဝင်း(ကရင်ရဲတပ်ဖွဲ့)
၅၃-ကျော်ထွေး(ချင်းရဲတပ်ဖွဲ့)
၅၄-ဝင်းကြည်(စစ်ကိုင်းရဲတပ်ဖွဲ့)
၅၅-ခင်ကျော်(တနင်္သာရီရဲတပ်ဖွဲ့)
၅၆-ကျော်ထွဋ်(ပဲခူးရဲတပ်ဖွဲ့)
၅၇-လှိုင်တင့်(မကွေးရဲတပ်ဖွဲ့)
၅၈-စိန်လွင်(မန္တလေးရဲတပ်ဖွဲ့)
၅၉-သက်နိုင်(မွန်ရဲတပ်ဖွဲ့)
၆၀- ခင်ဇော်(ရခိုင်ရဲတပ်ဖွဲ့)
၆၁-တင်ဇော်ထွန်း(ဧရာ၀တီရဲတပ်ဖွဲ့)

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်တချို့။(ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article