34 C
Yangon

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက်များ KNU တပ်မဟာ ၅ က ထုတ်ပြန်

Must read

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက်များ KNU တပ်မဟာ ၅ က ထုတ်ပြန်

ရန်ကုန်၊ မတ် ၂

အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက် များကို KNU တပ်မဟာ ၅ က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုင်းပြည်အာဏာအတင်းလုယူ သိမ်းပိုက်သည့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ က ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေရန် ဖန်တီးနေကြကြောင်း၊ လက်ရှိတွင် ပြည်သူများကို အတင်းအဓမ္မ ခေါ်ယူ စစ်တိုက်ခိုင်းတော့မည်ဖြစ်ကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်ပြောဆိုသည်။ ဒ

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြရန်၊ ပြည်သူများ သိရှိနားလည် ရှောင်တိမ်းနိုင်ရေးအတွက်လည်း အသိပေးချက်နှင့် သတိပေးချက်များကို KNU က ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် မူတရော်ခရိုင် ဒေသအတွင်းရှိ ကျေးရွာ၊ မြို့နေ ပြည်သူလူထုအားလုံး စစ်ကောင်စီ ၏ စစ်မှုမထမ်း မနေရ ဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ရန်၊ စစ်ကောင်စီ ခေါ်ယူစုဆောင်းမည့် တပ်သားများသို့ ထောက်ခံ အားပေး၊ ဝင်ရောက်ခြင်း လုံး၀မပြုရန်၊ မြို့နေပြည်သူများအနေဖြင့် အတင်းအကျပ် ဖိအားပေးမှုများနှင့် ရင်ဆိုင်လာပါက နီးစပ်ရာ ရွာများသို့ ထွက်ပြေးတိမ်းရှောင်၍ခိုလှုံရန် အသိပေးထားသည်။

ထို့ပြင် ဝင်ရောက်ခိုလှုံသည့် ကျေးရွာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လမ်းညွှန်မှုနှင့် ကူညီစောင့်ရှောက်မှုရရှိရန် အမည်စာရင်း အတိအကျ တင်သွင်းရန် ၊ အတင်းအကြပ် အခက်အခဲ အကြပ်အတည်းဖြစ်လာပါက နီးစပ်ရာရှေ့တန်းဒေသ တာဝန်ရှိသူများထံသို့ ချက်ချင်းအသိပေး အကြောင်းကြားရန်၊ ထုတ်ပြန်ချက်များကိုသိရှိပြီး မလိုက်နာ၊ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အုပ်စု စစ်ကောင်စီအဖွဲ့၏ လုပ်ဆောင်ချက်အတိုင်း လိုက်နာလုပ်ဆောင်ပါက စစ်အာဏာရှင် အလိုကျနှင့် စစ်အာဏာရှင်အုပ်စု အဖွဲ့ဝင်ဟု သတ်မှတ်ခြင်းခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article