35 C
Yangon

စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန်

Must read

စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၆

စစ်ကောင်စီ ရဲ့ စစ်မှု ထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီ က မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကို စစ်မှုထမ်း ဥပဒေအရ လူ ၁၀၀ စုဆောင်းပေးဖို့ ညွန်ကြားထားတာနဲ့ပတ်သက်လို့ ခုလို ထုတ်ပြန်တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD က ကြေညာပါတယ်။

ကျိုက်မရော မြို့နယ် မှာ စစ်ကောင်စီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တဆင့် ကျေးရွာလူဦးရေ အနေအထားပေါ် မူတည်ပြီး လူ ၂ နှစ်ဦး ၁၀ ဦးအထိ စာရင်းကောက်ပေးဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ မွန်ပြည်သစ်ပါတီ AD ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါရှိပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်ကောင်စီ ညွှန်ကြားတဲ့ အတိုင်းလုပ်ဆောင်ပါက အရေးယူခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ လူငယ်တွေကို အဓမ္မ စစ်မူထမ်းခိုင်းတဲ့ ဥပဒေကို မွန်ပြည်သစ်ပါတီ AD အနေနဲ့ ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

စစ်ကောင်စီ ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း ချောင်းဆုံမြို့နယ် အတွင်း က လူ ၄၇ ဦး စစ်မှုထမ်းရမယ်လို့ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့ ကပြောကြားသွားတယ်လို့ သိရှိရပါတယ်။

ချောင်းဆုံ မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၄၇ အုပ်စုရှိပြီး ကျေးရွာအုပ်စု တစ်ခုကို တယောက်နှုန်း နဲ့ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ကပြောကြားသွားတာဖြစ်တယ်။

လတ်တလောမှာ စစ်ကောင်စီ က ရန်ကုန်အပါအဝင် မြို့တချို့ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွေကနေတဆင့် စစ်မှုထမ်း စာရင်းကောက်တာတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီ ဟာ လာမယ့် နှစ်သစ်ကူးကာလ သင်္ကြန်အပြီးမှာ စစ်မှုထမ်း တွေစတင်ခေါ်ယူမယ်လို့ပြောဆိုထား တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article