26 C
Yangon

လွတ်မြောက်ဒေသရှိ ဆေးရုံသစ်တွင် တာဝန်ထမ်းဆောင်ရန် မေ့ဆေး အထူးကု ဆရာဝန်၊ ဆေးဝါးပညာရှင်များနှင့် သူနာပြုများ ဖိတ်ခေါ်

Must read

လွတ်မြောက်ဒေသရှိ ဆေးရုံသစ်တွင် တာဝန်ထမ်းဆောင်ရန် မေ့ဆေး အထူးကု ဆရာဝန်၊ ဆေးဝါးပညာရှင်များနှင့် သူနာပြုများ ဖိတ်ခေါ်

ရန်ကုန်၊မေ ၁၆

လွတ်မြောက်ဒေသတစ်ခုရှိ ဆေးရုံသစ်တွင် မေ့ဆေး အထူးကု ဆရာဝန်၊ ဆေးဝါးပညာရှင်များနှင့် သူနာပြု ဆရာ ဆရာမများ အရေးပေါ် လိုအပ်နေပြီး တာဝန်ထမ်းဆောင်လိုသည့် ပညာရှင်များကို ဖိတ်ခေါ်ကြောင်း နွေဦးကျန်းမာ အဖွဲ့မှ Operation Director ကိုထူးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေ့ဆေး လျှောက်ထားသူအရေအတွက်ကို ကန့်သတ်ထားခြင်း မရှိဘဲ မေ့ဆေး ဆရာဝန်ကို အနည်းဆုံး တစ်ဦးမှ စ၍ စိစစ်ပြီး လက်ခံသွားမည် ဖြစ်ကြောင်း၊ သူနာပြုများစွာ လိုအပ်နေပြီး ဆေးရုံသစ်ဖြစ်သည့် အတွက် ခွဲစိတ်ကုသမှုများလည်း ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း၊ ဆေးဝါးပညာရှင်များကို အနည်းဆုံး ၂ ဦးမှ စ၍ လျှောက်လာသမျှ စိစစ်လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“စိစစ်မှုတွေက နံပါတ် ၁ CDM ဖြစ်ရမယ်။ နံပါတ် ၂ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းနဲ့ Background history ကိုတော့ ကျွန်တော်တို့ စိစစ်ဖို့ ရှိတယ်။ နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ အင်တာဗျူး အသေးလေးလုပ်သွားဖို့ရှိတယ်။ လုပ်ပြီးတော့‌ ရွေးချယ်ဖို့ အဆင်ပြေတယ် ကျွန်တော်တို့နဲ့ လက်တွဲပြီး လုပ်နိုင်တဲ့ ရဲဘော်ရဲဘက်တွေ စိတ်ချရတယ်ဆိုရင် ခေါ်ယူဖို့ ရှိပါတယ်”ဟု နွေဦးကျန်းမာမှ Operation Director ကိုထူးက ပြောဆိုသည်။

ကျန်းမာရေး နယ်ပယ်မှ ရဲဘော်ရဲဘက် စီနီယာ ဂျူနီယာများ အားလုံးကို နွေးထွေးစွာဖိတ်ခေါ်ကြောင်း၊ ပညာရှင်အနေအထားနှင့် လာရောက် ကြမည် ဖြစ်၍ ထိုက်တန်သည့် လုပ်ငန်းဆောင်တာများ၊ ထိုက်တန်သည့် အနေအထားမျိုးနှင့် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

“လူခေါ်တာက Urgent လိုနေတာ ဖြစ်တယ်။ အချိန်မရွေး ကျွန်တော်တို့ဆီ လာရောက်တယ်ဆိုရင် အခုခေါ်မှ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက လာရောက်ချင်တယ်ဆိုရင် အချိန်မရွေး ဆက်သွယ်လို့ရပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းလိုမျိုး အနေနဲ့ ခေါ်တာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်အနေနဲ့ ပညာရှင်အနေနဲ့ ဖိတ်ခေါ်တဲ့ သဘောမျိုးပါ”ဟု နွေဦးကျန်းမာ အဖွဲ့မှ Operation Director ကိုထူးက ဆက်လက် ပြောဆိုသည်။

တာဝန်ထမ်းဆောင်လိုသူများအနေနှင့် University of Medicine 2, Yangon student Committee ၏ Facebook Page ဖြစ်သည့်

https://www.facebook.com/universityofmedicine2.studentcommitte.ec?mibextid=ZbWKwL ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article