25 C
Yangon

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရုံး ယနေ့ ဗုံး ဖောက်ခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဖော့ကန် ရပ်ကွက်ရုံးကို မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ခွဲအချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း၊ တော်လှန်ရေးရဲဘော်များက ရပ်ကွက်ရုံးဖောက်ခွဲမှုတွင် ဗုံး နှစ်လုံးကို အယောင်ဆောင်ထားရှိပြီး အကြမ်း ဖက်စစ်ကောင်စီဝင်များနှင့် ရဲများရောက်ရှိလာကာ လမ်းပိတ်၍ ရပ်ကွက်ရုံးအတွင်းရှာဖွေစစ်ဆေးမှုပြုလုပ်ချိန်တွင် အဓိက ဗုံး တစ်လုံးကို ထိထိမိမိ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း From Zero To Hero အဖွဲ့ က သတင်းထုတ်ပြန်သည်။

“သေရုံမှ တစ်ပါး တခြားမရှိလောက်ဘူး၊ လဲကျတာမှ ခွေးကျကျတာ၊ နှစ်ကောင် ကတော့ လဲကျသွားတာ တွေ့လိုက်တယ်။ ဝိုင်းပြီး သယ်သွားရတယ်” ဟု From Zero to Hero အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို From Zero To Hero နှင့် MCO LDF Armyတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း From Zero to Hero အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article