25 C
Yangon

ရန်ကုန်ဒေါပုံရဲစခန်း၊မြောက်ဒဂုံ Denko ဆီဆိုင်၊ ၇/၈ လမ်းဆုံ၊ မြောက်ဥက္ကလာရဲကင်းတို့တွင် ဗုံးများဆက်တိုက်ပေါက်ကွဲ

Must read

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ရဲစခန်းတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့် ဗုံးပေါက်ကွဲပြီး လူနာ တင်ယာဉ် ကားတစ်စီး ဝင်ရောက်သွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကသည်။

မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ဒေါပုံရဲစခန်းသို့ God’s Hand Forces- နှင့် The Owl တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကွဲမှုကြောင့် ရဲစခန်းအတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း အဆိုပါအဖွဲ့များက တရားဝင် ထုတ်ဖော်ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ည ၇ နာရီခွဲကျော်ခန့်အချိန် ပင်လုံလမ်းမပေါ်ရှိ ပင်လုံ City Mart ကပ်လျက်ရှိ Denko ဆီဆိုင်တွင် ဗုံးပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း၊ ည ၈ နာရီကျော်ခန့်တွင် စစ်သားနှင့်ရဲများက လမ်းများပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အရှေ့ဒဂုံမြို့နယ် ၇/၈ လမ်းဆုံအနီးတွင် ဗုံးများပေါက်ကွဲကြောင်း၊ ယင်းနောက် ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ထပ်မံပေါက်ကွဲကြောင်း၊ စစ်သားများ ရောက်ရှိလာချိန်တွင်လည်း ထပ် မံ၍ ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးတွေက တစ်လုံးပြီး တစ်လုံးပေါက်တာ။ ဗုံးပေါက်ပြီး အနည်းငယ်ကြာတော့ အရပ်ဝတ်နဲ့ စစ်သားတွေ လက်နက်နဲ့ ရောက်လာတယ်။ နောက် ရဲကား DC ၁ တစ်စီး မှာ၅ယောက်ဝန်းကျင်လောက် ရောက်လာပြီး ၇/၈ လမ်းဆုံနားကိုလာပြီး အသံဘယ်ကကြားရတာလဲလိုက်မေးပါတယ်။ သူတို့လာမေးပြီး၅မိနစ်လောက်နေတော့ ပေါက်ကွဲသံထပ်ကြားရပါတယ်။ နောက်ထပ်ပေါက်သံကအသံဗုံးလို့ထင်ပါတယ်။ ည ၉ နာရီ ၅၅ မိနစ်လောက်က ထပ်ကြားရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ ည ၉ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ကုန်းကျော်တံတားအောက် ရဲကင်းစခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်မြောက်ပိုင်း Denko ဆီဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article