32 C
Yangon

သထုံနှင့်ဘီးလင်းအကြားတွင် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို

Must read

ရန်ကုန်၊ မတ် ၃၀


မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြားတွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။

ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီယိုဖိုင်တွင် စစ်တပ်ဘက်က ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းဗီဒီယိုတွင် စစ်သားများက မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ရန် ဆဲဆို ပြောဆိုနေသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article