28 C
Yangon

“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးပေါ်လာပြီဆိုရင် ကျွန်တော်တို့အဖွဲ့ရှိတော့မှာမဟုတ်ပါဘူး။ ကျွန်တော် တို့လိုချင်တဲ့ဟာနဲ့ အများပြည်သူလိုချင်တဲ့ဟာ အတူတူပဲ တစ်ထောင့်တစ်နေရာ ကနေပါဝင်တယ်။ ရည်ရွယ်ချက်ပြည့်သွားရင်တော့ ပြီးသွားပြီ”
ကိုဩဇာ (National Defense Network အဖွဲ့ ဦးဆောင်သူ )

Must read

အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်သူတွေဟာ အခြေနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ အာဏာရှင်ကို ဆန္ဒပြ တော်လှန်ပုံကန်မှုတွေရှိနေတာပါ။ပြည်သူတွေရဲ့ ထောက်ခံမှုမရှိပဲ အာဏာကိုအတင်းလုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ အာဏာရှင်စစ်တပ်ဟာ ပြည်သူတွေ ကို ရက်ရက်စစ်စက် ပစ်ခတ် သတ်ဖြတ်ခတ်တဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မဖြစ်မနေရွေးချယ်ခဲ့ရတဲ့ပြည်သူတွေဟာလည်း အများအပြား ရှိလာခဲ့ပါတော့တယ်။ ဒီလိုလမ်းစဉ်ကို ရွေးချယ်ခဲ့ရတဲ့သူတွေထဲမှာ လူငယ်လူရွယ် တွေလည်း အများစု ပါဝင်နေကြတာပါ။အဲ့ဒီ့လို အကြမ်းဖက်စစ်တပ်ကို တော်လှန်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်း ကို ပြန်သွားနိုင်ဖို့အတွက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ကြိုးစားရုန်းကန်နေကြတဲ့ အဖွဲ့အစည်း တွေဟာ မြန်မာနိုင်ငံအနှံ့ရှိနေခဲ့ပါတယ်။ အဲ့ဒီ့ထဲမှာ National Defense Network အဖွဲ့လည်း အပါ အဝင်ပါ။ဒီအဖွဲ့ဟာ ဖက်စစ်စစ်တပ်က အာဏာကိုသိမ်းယူပြီးတဲ့အချိန်ကစပြီး နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်နေရာကနေ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ ဆိုတော့ National Defense Network အဖွဲ့ရဲ့ စတင်ဖွဲ့စည်းဖြစ်ပုံကစပြီး ၊ အခက်အခဲပေါင်းများစွာကို အခုအချိန်ထိ ကြံ့ကြံ့ခံ ဘယ်လိုတွေကျော်ဖြတ်နေရလဲ …အဖွဲ့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်တွေက ဘာတွေဖြစ်မလဲ …သူတို့ဘာတွေ ရင်ဆိုင်တွေ့ကြုံခဲ့ရလဲ ဆိုတာတွေနဲ့ပက်သက်ပြီး National Defense Network အဖွဲ့ရဲ့ ဦးဆောင်သူ ကိုဩဇာကို ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article