38 C
Yangon

ကျေးရွာများတွင် ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို စစ်တပ်က လုယက်ပြီး မြင်မြင်သမျှ ပြည်သူများကို PDF ဟု အမည်တပ် သတ်ဖြတ်မှုများရှိဟု တပ်မ ၆၆ ၊ တပ်ရင်း ၁၀၈ မှ CDM တပ်သား ဇော်ထိုက် ပြောဆို၊ စစ်တပ်အင်အား ချိနဲ့နေပြီဟုဆို

Must read

ရန်ကုန်၊ မတ် ၃၁

ကျေးရွာများသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက်သောအခါ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများ လုယက်ပြီး မြင်မြင်သမျှ ပြည်သူများကို PDF ဟု အမည်တပ် သတ်ဖြတ်မှုများရှိကြောင်း တပ်မ ၆၆ ၊ တပ်ရင်း ၁၀၈ မှ CDM ဝင်ပြီး ပြည်သူနှင့်ပူးပေါင်းလားသူ တပ်သား ဇော်ထိုက်က ပြောဆိုလိုက်သည်။

ကရင်နီပြည်သူ့ရင်ခွင်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၎င်းသည် စစ်မှုထမ်းသက် ၁၄ နှစ်ရှိကြောင်း ၊ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၁၀၈ ဓနုဖြူမြို့မှ ဖြစ် ကြောင်း၊ လက်ရှိတွင် ကရင်နီပြည်သူ့ရင်ခွင်တွင် ခိုလှုံနေ‌ပြီး ပြည်သူများဘက်မှ စစ်အာဏာရှင်ကို ပြန်လည် တိုက်ပွဲဝင်နေကြောင်း ပြောဆိုသည်။

” စစ်ကြောင်းထွက်လို့ရှိရင် အိမ်တွေကို ဝင်တယ်။ အိမ်တွေဖောက်တယ်၊ဆိုင်တွေ့ရင် ဆိုင်တွေဖောက်ပါတယ်။ ပြီးရင် လိုချင်တာ ပစ္စည်းတစ်ခုခုပေါ့ လိုချင်တာကိုဆွဲလွဲသွားတယ်။အဲလိုမျိုးရှိပါတယ်။ နောက်ပြီး သူတို့က အမှန်လားအမှားလားဆိုတာ စစ်ဆေးမှုမရှိတော့ဘူး။ နင်ဘာလဲ ငါဘာလဲ အဲလို မမေးတော့ဘူး။တွေ့တဲ့လူကို PDF ဆိုပြီးသတ်တာပဲ များပါတယ်” ဟု CDM တပ်သား ဇော်ထိုက်က ပြောဆိုသည်။

၎င်းအနေဖြင့် ပြည်သူလူထုကို မလိမ်ချင်ဘဲ စစ်ကောင်စီသည် မတရားသော စစ်အုပ်စုဖြစ်သဖြင့် CDM ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်လုပ်လာတဲ့ တစ်လျှောက်မှာ စစ်သက် ၁၄ နှစ်မှာ ကျနော် ရိုးရိုးပဲ။ ကျနော်တို့ကို လိမ်ခိုင်းပါတယ် ။ လိမ်ခိုင်းတာက ကျနော်မိသားစုအတွက်လည်း အကျိုးမရှိဘူး။ ကျနော့်အတွက်လည်း အကျိုးမရှိဘူး။ပြည်သူလူထုအတွက်လည်း အကျိုးမရှိပါဘူး။ ပြည်သူ့အိုးအိမ်တွေ ဆုံးရှုံးတယ်ပေါ့။ အဲဒါကြောင့် ကျနော်မတရားဘူးလို့ စစ်ကောင်စီ မတရားဘူးလို့ ထင်လို့ ကျနော် CDM ဝင်တာပါ” ဟု CDM တပ်သား ဇော်ထိုက် ပြောဆိုသည်။

လက်ရှိတွင် မင်းအောင်လှိုင်စစ်တပ်သည် အင်အားချိနဲ့နေပြီး ကယားပြည်နယ်တွင် တပ်ရင်း ၁ ရင်းလုံး သေဆုံးသွားသည်အထိ ဖြစ်ခဲ့ရကြောင်း၊ အင်အားမရှိ၍ တပ်ရင်းများ ပြန်ပေါင်းပြီး ၁ ရင်းပုံစံ ဖွဲ့စည်းရကြောင်း ၎င်းက ရှင်းပြသည်။

“အခုဆိုရင် ဒီကယားပြည်နယ် ဝင်ကတည်းက တပ်ရင်း ၁ ရင်း လုံးကျသွားလို့ရှိရင် ၂ ရင်း ၁ ရင်းပေါင်းပြီးတော့ ပြန်ပြီးဖွဲ့စည်းပါတယ်။ အခုက အင်အားသိပ်မရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

တပ်တွင်းရှိ စစ်သားများကိုလည်း CDM ဝင်ကြရန်နှင့် စစ်တပ်၏ ဝါဒဖြန့်စကားများဖြစ်သည့် PDF က CDM စစ်သားများကို သတ်ဖြတ်မည်ဆိုသော လိမ်လည် ဝါဒဖြန့် စကားများကို မယုံကြည်ကြရန် တိုက်တွန်းလိုကြောင်း၊ CDM ဝင်လာသော ပြည်သူ့ဘက်တော်သား စစ်သားများကို ပြည်သူလူထုက နွေးထွေးစွာ ကြိုဆိုကြောင်း ၎င်းက ရှင်းပြသည်။

“မင်းမယုံရင် ထွက်ပြေးကြည့် ထွက်ပြေးလို့ရှိရင် မင်းကို အဲကောင်တွေက အရှင်မထားဘူး သတ်ပစ်တာတဲ့ မင်းတို့ပါတဲ့သေနတ်ကို ယူပြီးတော့ မင်းတို့လည်ပင်းကို ဓါးနဲ့ လှီးပစ် တာလို့ပြောတယ် ကျနော်တို့ကို။ ထွက်မယ့်လူတွေရှိပါတယ်။ သူတို့က လူကြီးတွေကခြိမ်းခြောက်ထားတဲ့အတွက်ကြောင့်မို့ ထွက်ဖို့ ရင်လေးနေတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article